" ဦီးကျော် "
အိမ်ထဲမ၀ံ့မရဲပြန်၀င်လာတဲ့နှယောက်ကြောင့် ဦးကျော်မျက်မှောင်ကြုတ်ကာအကဲခတ်ရင်း ထမင်းစားပွဲကိုလှိမ့်လာလိုက်သည်
" ဦးလေးကမင်းတို့ပြန်သွားပြီတောင်ထင်နေတာ "
" ဟို...ကျတော်တို့ဒီနားကစပါးခင်းတွေသွားကြည့်နေတာဗျ မာဂိုကကြည့်ချင်တယ်ဆိုလို့လေ "
သူ့ကိုလွှဲချလိုက်တဲ့ဘုန်းမြတ်ကြောင့် မာဂိုမျက်လုံးလေးပြူးကာဘုန်းမြတ်ကိုလှမ်းကြည့်လိုက်သည် သူ့လက်ကိုဆွဲကာမျက်စိတဖက်မှိတ်ပြနေတဲ့ဘုန်းမြတ်ကြောင့် မာဂိုရုပ်ပြန်တည်ကာခေါင်းကုတ်လိုက်သည်
" ဟုတ်တယ်ဦးလေးရဲ့ ကျတော်ကအခုမှဒီရွာကိုရောက်ဖူးတာလေ
အဲ့တာကြောင့်ဘုန်းမြတ်ကိုဒီနားတ၀ိုက်လိုက်ပြခိုင်းလိုက်တာ "" ဟုတ်ပါပြီကွာ မင်းတို့လဲဗိုက်ဆာနေလောက်ရောပေါ့ ဒီမှာခဏထိုင်ကြအုံး ဦးလေးထမင်းပန်းကန်တွေသွားယူပေးမယ် "
" ဟာ ကျတော်တို့ဘာသာလုပ်ပါ့မယ်ဦးကျော်ရဲ့ သူစိမ်းလဲမဟုတ်ပဲနဲ့ထိုင်နေစမ်းပါဦးကျော်ရယ် "
ဘုန်းမြတ်ကဦးကျော်ကိုအတင်းဆွဲခေါ်ကာ အေးအေးဆေးဆေးထိုင်ခိုင်းလိုက်သည် မာဂိုကတော့အလိုက်သိစွာပဲ ထမင်းပန်းကန်တွေနဲ့ဟင်းခွက်တွေကိုခေါက်တုံ့ခေါက်ပြန်သယ်ပေးသည် ညည်းညူခြင်းမရှိ တက်တက်ကြွကြွကူလုပ်နေတဲ့မာဂိုကြောင့် ဘုန်းမြတ်ကတော့ခေါင်းကိိုအသာညိတ်ကာ ကြိတ်ပြီးသဘောကျနေတော့သည်
" စူပါလေးပျောက်နေပါလားဦးကျော်ရဲ့ "
" စူပါက ထမင်းစားပြီးလို့အိပ်နေပြီလေ ဦးလေးတို့ကထမင်းအစောကြီးစားတတ်တာ မင်းလဲသိရဲ့သားနဲ့ "
" ဟာ ဒါဆိုဦးကျော်လဲစားပြီးပြီပေါ့ "
" အေးပေါ့ကွ မင်းတို့ကိုစောင့်နေသေးတယ် ပေါ်မလာတာနဲ့စားနှင့်လိုက်တာ '
" အားနာစရာတွေတော့ဖြစ်ကုန်ပါပြီဦးကျော်ရယ် အဲ့တာမှန်းသိရင်စောစောပြန်လာပါတယ် "
" ရပါတယ်ကွာ အခုတော့ဦးလေးရဲ့လက်ရာတွေကိုမြည်းစမ်းကြည့်လိုက်ပါအုံး မာဂိုလဲအားမနာပဲစားနော် "
YOU ARE READING
Try To Escape Within 30Days( Completed)