Ep-3(Uni/Zg)

11.5K 812 88
                                    

ချမ်းသာကြွယ်၀မှုနဲ့အလှမ်း၀ေးနေခဲ့တဲ့ ဘုန်းမြတ်အတွက် မာဂိုရဲ့ပိုင်ဆိုင်မှုတွေက သူ့အတွက်အထူးအဆန်းတွေသာဖြစ်နေခဲ့သည် သူ့ကိုဖမ်းခေါ်လာတုန်းက မျက်နှာကိုအ၀တ်မဲနဲ့အုပ်ပီး ခေါ်ခဲ့တာကြောင့် ဘယ်နားမှာထွက်ပေါက်ရှိမှန်းမသိဖြစ်နေသည် အလွယ်တကူပြေးလို့ရမဲ့ ထွက်ပေါက်ကိုရှာမိပေမဲ့ မျက်စိတဆုံးလှမ်းကြည့်ရင်တောင် ဒီအိမ်ကြီးရဲ့ခြံတံခါးကိုမမြင်ရသေးပေ

" ဒီပန်းပင်တွေက မင်းစိုက်ထားတာလား '

" ဘာလို့လဲ ခင်ဗျားသဘောကျလို့လား "

" သဘောကျတယ်ရယ်လို့မဟုတ်ပါဘူး ဒီအတိုင်းမေးကြည့်တာ "

" ဒီခြံ၀န်းထဲကထွက်ဖို့ ကားနဲ့သွားရင်တောင် မိနစ်30လောက်မောင်းရမယ် လမ်းလျှောက်မယ်ဆိုရင်တော့ 45မိနစ်ကျော်လောက်ပေါ့ "

" မင်းဟာက အိမ်ကောဟုတ်ရဲ့လား ရဲတိုက်ကြီးကျနေတာပဲ "

" ကျုပ်ဘ၀က ခင်ဗျားထင်သလောက်လွယ်ကူမနေဘူး ကျုပ်မှာရန်သူတွေအများကြီးရှိတယ် ပီးတော့ တသီးတသန့်နေချင်တာမို့ လူသူကင်းတဲ့နေရာမှာ တမင်လာနေတာ "

ဘာမေးခွန်းမှပြန်မထုတ်ပေမဲ့ တွန့်ကွေးသွားတဲ့ မျက်ခုံးနက်နက်လေးကြောင့် မာဂိုပို၍အလိုမကျဖြစ်လာသည်

" ဟိုအရှေ့က အိမ်ကကောမင်းအိမ်ပဲလား "

" အဲ့တာအိမ်မဟုတ်ဘူး ကျုပ်စီးတဲ့ပြိုင်ကားတွေချည်းပဲထည့်ထားတဲ့ ဂိုထောင် "

စနစ်တကျအလှဆင်ပီး အိမ်သဖွယ်ဆောက်ထားတဲ့အဆောက်အဦးကြီးက ဂိုထောင်တဲ့လား ဒီလောက်ချမ်းသာနေမှတော့ မာဂိုထိုက်စံမောက်မာနေတာ မထူးဆန်းတော့ပါဘူး ဒါပေမယ့် ကိုယ့်မျက်စိထဲမှာတော့ မာနထောင်လွှားနေတဲ့ လူမိုက်ထက်ပိုမမြင်....

" အဲ့ထဲက ကားတွေထဲမှာ ခင်ဗျားကြိုက်တဲ့ကားကိုယူစီးလို့ရတယ် ကျုပ်ကားကိုတော့ ယူပီးထွက်မပြေးလောက်ဘူးမှတ်လား "

" ငါအဲ့လောက်ထိ သိက္ခာမမဲ့ဘူး မာဂို "

" နာမည်တော့ ခေါ်တတ်သားပဲ "

ခပ်ရွဲ့ရွဲ့ပြောလိုက်တဲ့စကားလုံးတွေကြား နီးကပ်လာတဲ့နှုတ်ခမ်းတစုံကို ဘုန်းမြတ်ငေးကြည့်နေလိုက်သည် မာဂိုက တကယ်ခန်းမှန်းရခက်တဲ့ မြွေတကောင်ပါပဲ

Try To Escape Within 30Days( Completed) Where stories live. Discover now