Ep-9(Uni/Zg)

8.6K 559 91
                                    

" ခင်ဗျားကျတော့်ကိုချစ်လားဟင် "

ခပ်တိုးတိုးထွက်လာတဲ့အသံက သူ့ရင်ဘတ်ထဲဗြောင်းဆန်သွားစေသည် မာဂိုနှုတ်မှ " ကျတော် " ဆိုတဲ့နာမ်စားကကြားရခဲသလို မယုံနိုင်အောင်နူးညံ့နေတဲ့မာဂိုကြောင့် ဘုန်းမြတ်အတော်လေးတွေ၀ေသွားသည်

" မာဂို ငါက.... "

" သိပါတယ် ခင်ဗျားလဲကျတော့်ကိုချစ်နေတယ်မှတ်လား "

" အဲ့လိုမဟုတ်ဘူး အခုချိန်မှာငါ့စိတ်တွေကရှုပ်ထွေးနေတုန်းပဲ မင်းခံစားချက်တွေကိုလဲနာကျင်အောင်မလုပ်ချင်ဘူး ငါ့အတွက်အချိန်အတိုင်းအတာလိုတယ် "

" ခင်ဗျားစိတ်ခင်ဗျားမသိသေးရင် ကျုပ်ပဲပြောပြမယ် ခင်ဗျားကျုပ်ကိုချစ်နေတာ "

တဖတ်သတ်ကောက်ချက်ချတဲ့လူမျိုး ဘုန်းမြတ်တသတ်နဲ့တကိုယ်မကြုံခဲ့ဖူးပေ မာဂိုကသူဖြစ်ချင်တာပဲဇွတ်တွေးနေတာမို့ ဘုန်းမြတ်ငြင်းရခက်လာသည် မထင်ရင်မထင်သလိုသေနတ်နဲ့ခြိမ်းခြောက်တတ်သည့်အကျင့်ကိုလဲကြောက်ရသေးသည်

" မင်းကကောငါ့ကိုတကယ်ချစ်တာလား "

" ချစ်တာပေါ့ "

ဘာရယ်မဟုတ်ပြောလိုက်ပေမဲ့ မာဂိုရဲ့ " ချစ်တာပေါ့ "ဆိုတဲ့စကားသံက ဘုန်းမြတ်အတွက်အတော်လေးကြောက်လန့်စရာကောင်းနေသည် ရုတ်တရက်ကြီးချစ်ကြောင်းကြိုက်ကြောင်းလာပြောနေတာမို့ ယုံရခက်ဆဲပင်

" ချစ်လား "

" ငါ့အတွက်အချိန်လိုတယ်လို့ "

" ဒါဆိုလဲကျုပ်နဲ့တွဲနေရင်း စဥ်းစားပေါ့ "

" ငါအဲ့လိုမျိုး..... "

" အခုကစပြီးချစ်သူတွေဖြစ်သွားပြီနော် "

" ဟမ် မင်းအဲ့လိုကောက်ချက်ချလိုက်လို့မရဘူးလေ "

" မချစ်ရင်ကျုပ်ကိိုဘာလို့လာနမ်းလဲ ချစ်လို့နမ်းတာပေါ့ မဟုတ်ဘူးလား?? နမ်းပြီးမှပဒီးပဒါးလာမလုပ်နဲ့နော်ဘုန်းမြတ်သစ္စာ မာဂိုထိုက်စံကခင်ဗျားစိတ်ကြိုက်ကစားလို့ရမဲ့လူမျိုးမဟုတ်ဘူး "

မျက်မှောင်ကြုတ်ကာစူးစိုက်ကြည့်လာတဲ့အကြည့်တွေကြောင့် ဘုန်းမြတ်တံတွေးပင်မြိုချလိုက်ရသည် မကျေနပ်လို့သူ့အကြွေးတွေပြန်ဆပ်ခိုင်းရင်လဲ ဆပ်စရာလက်ထဲပိုက်ဆံပြားမှမရှိတာကြောင့် မာဂိုရဲ့စိတ်အလိုကျသာလိုက်လျောပေးဖို့ ဘုန်းမြတ်ဆုံးဖြတ်လိုက်သည်

Try To Escape Within 30Days( Completed) Kde žijí příběhy. Začni objevovat