Ep-28(Uni/Zg)

6K 359 37
                                    

" ၀နမင်းထိုက်!!! "

သူ့ဆိုင်ထဲဒေါသအလျှောက်ထွက်လာတဲ့အသံနဲ့အတူ ခြေလှမ်းကျဲတွေဖြင့်၀င်ရောက်လာတဲ့မာဂိုက တစုံတခုကိုစာရင်းရှင်းဖို့တာဆူနေဟန်ရှိသည်။ မာဂိုရဲ့ဘေးတွင် သိသိသာသာမျက်နှာမကောင်းတဲ့ Maxကအတူယှဥ်တွဲကာ၀င်လာပြီး ၀နရဲ့မျက်နှာအားတွန့်ဆုတ်နေတဲ့သူလက်သီးဖြင့်လှမ်းထိုးလိုက်သည်။ မျက်၀န်းအကြည့်တွေက တောင်းပန်နေဟန်ရှိပြီး အပြင်ပန်းကတော့သူ့မျက်နှာကို ထိုးကြိတ်လာသည်

" ဘယ်အတိုင်းအတာထိများရှေ့ဆက်ဖို့စဥ်းစားထားလဲ၀နမင်းထိုက် မင်းဘယ်လိုပဲသွေးခွဲနေလဲ ဘုန်းမြတ်သစ္စာနဲ့ငါ့ကိုဘယ်နည်းနဲ့မှခွဲနိုင်မှာမဟုတ်ဘူး "

နှုတ်ခမ်းနားမှသွေးစအချို့ကို သူ့လက်နဲ့သုတ်ရင်း မာဂိုအားအလိုမကျစွာစိုက်ကြည့်လိုက်သည်

" အကိုက တကယ်အသဲနှလုံးမရှိတဲ့လူပဲ "

" မင်းထင်ချင်သလိုထင်နိုင်တယ် မင်းရဲ့အချစ်စစ်ကိုတွေ့မှ ဒါတွေကိုမင်းနားလည်လိမ့်မယ်၀န "

" အကိုကကျွန်တော့်အတွက် အချစ်စစ်ပဲ "

" သွားစမ်းပါကွာ လူတယောက်ကိုချစ်တာကအလွယ်တကူချစ်လို့ရတယ် ဒါပေမဲ့အပေါ်ယံမဟုတ်ပဲတကယ်မြတ်နိုးမိတဲ့သူကိုရှာတွေ့ဖို့က မင်းထင်သလောက်လွယ်ကူမနေဘူး၀န။ "

ခက်ထန်ထန်ပြောနေတဲ့အသံက ဒေါသကိုအတော်လေးထိန်းထားရတဲ့အနေအထားမှာရှိပြီး သူ့အားစိတ်ပျက်စွာစိုက်ကြည့်လာသည်

" နောက်တခါငါတို့နှယောက်ကြားထပ်ရှုပ်နေမယ်ဆိုရင်တော့ မင်းကိုငဲ့ညာနေတော့မှာမဟုတ်ဘူး မာဂိုထိုက်စံကဘယ်လောက်ထိ ရက်စက်တတ်လဲဆိုတာကို အဲ့ဒီအခါကျမင်းကိုလက်တွေ့ပြပေးမယ်"

မျက်နှာကြောတင်းကာ မာဂိုတောက်ခေါက်ပြီးသူ့ဆိုင်ထဲမှပြန်လည်ထွက်ခွာသွားသည်။ ဘယ်ကနေစမှားနေသလဲဆိုတာ သူကိုယ်တိုင်လဲသေချာမစဥ်းတတ်တော့ပေ။ ဘုန်းမြတ်ကိုမကျေနပ်လို့ မာဂိုရဲ့အနားချဥ်းကပ်မိသော်လည်း ထိုလူကိုသူချစ်ခဲ့သည်

" အရှုံးပေးတဲ့မျက်နှာက ခင်ဗျားနဲ့မလိုက်ဖက်ဘူး ကိုယ့်လူ "

Try To Escape Within 30Days( Completed) Where stories live. Discover now