Ep-12(Uni/Zg)

7.4K 517 77
                                    

" သူကအကို့ချစ်သူပါ ရှင်းခ "

မယုံနိုင်စရာဖြစ်ရပ်ကြောင့် ရှင်းခမျက်လုံးလေးပြူးကာမာဂိုကိုအကဲခတ်လိုက်သည် ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ဘုန်းမြတ်ကိုတောင်အသာလေးပွေ့ချီနိုင်တဲ့အရပ်က ချစ်သူဆိုတာဘယ်လိုမှယုံနိုင်စရာမရှိ....သေချာတာတော့ဒီလူကပဲအကို့ကိုခြိမ်းခြောက်ပြီးယူထားတာဖြစ်နိုင်သည်

" အကိုကျတော့်တို့နှယောက်ထဲ ခဏလောက်စကားပြောကြရအောင် "

အကူအညီတောင်းခံသလိုကြည့်လာတဲ့မျက်၀န်းတွေကြောင့် ဘုန်းမြတ်သက်ပြင်းချကာ မာဂိုကိုလှမ်းကြည့်လိုက်သည်

" ကိုယ်တို့ခဏလောက်စကားပြောချင်လို့ မင်းကားထဲမှာသွားစောင့်ပေးပါလား ခဏလောက်ပါပဲ "

ဟိုဘက်ကသနားစရာကောင်းအောင်လုပ်ပြလိုက်တာနဲ့ ဒီလူစိတ်ပြန်ယိုင်သွားတာတော့မထူးဆန်းတော့ပါဘူး တခါတလေမှာလဲစောက်မှတ်မရှိတဲ့ကိုယ့်ကိုကိုယ်သာကျိန်ဆဲပစ်ချင်မိသည်

" အင်း "

အလွယ်တကူပဲခေါင်းညိမ့်ကာလှည့်ထွက်သွားပေမဲ့ သူ့ရင်ထဲအနည်းငယ်နာကျင်မိသည် အကယ်၍များဘုန်းမြတ်သာစိတ်ပြန်လည်ပြီးသူ့ကိုထားခဲ့ပါလျှင် ဘယ်လိုများဖြေသိမ့်ရပါ့မလဲ

ချစ်မှန်းမသိမချစ်မှန်းမသိ ကပ်တွယ်နေရတာလဲပင်ပန်းလိုက်တာ....ဘယ်လောက်ပဲအားတင်းထားပေမဲ့လဲ အချိန်တန်ရင်ထိုလူရဲ့အနားမှာပဲစကားတွေဖောင်ဖွဲ့ပြီး ရယ်မောချင်မိသည် ဘယ်အရာမဆိုလေးလေးနက်နက်မရှိတဲ့ကိုယ်က ခင်ဗျားရဲ့အသံအားပျော့သွားတာနဲ့သေးသေးမွှားမွှားလေးကအစ ခင်ဗျားရဲ့မျက်နှာမှာအဖြေရှာမိနေတာမျိုး....သူတပါးအမြင်ကိုဂရုမစိုက်တတ်တဲ့ကိုယ်က ခင်ဗျားရဲ့ဂရုစိုက်မှုတွေကိုလိုချင်လို့ ညတိုင်းခေါင်းကိုက်တတ်တယ်လို့လိမ်ပြောမိတာမျိုး....အချစ်ကဒီလိုမျိုးဆန်းကြယ်တယ်ထင်ပါရဲ့

" ၀ဋ်ကြွေးတွေကြီးလိုက်ပုံများ အချစ်ဦးနဲ့တွေ့ပြီးပြုံးပျော်နေတဲ့ခင်ဗျားရဲ့မျက်နှာကို ရင်နာနာနဲ့ငေးကြည့်နေရတယ်လို့! "

Try To Escape Within 30Days( Completed) Where stories live. Discover now