ပါးပြင်ပေါ်ကျရောက်လာတဲ့လက်ဖ၀ါးနုနုနဲ့ အသိအာရုံထဲတစုံတယောက်က စူးစိုက်ကြည့်နေတဲ့အနေအထားကြောင့် နိုးထဖို့အဆင်သင့်မဖြစ်သေးတဲ့မျက်လုံးတွေကိုအားပြုကာဖွင့်ကြည့်လိုက်သည် ၀ေ၀ါးနေတဲ့မနက်ခင်းအကြည့်တွေက မာဂိုရဲ့မျက်၀န်းတွေအောက်မှာစတင်ခဲ့ရတာမို့ အရင်နေ့တွေထက်ထူးခြားနေခဲ့တာတော့အမှန်... သူ့ပါးပြင်ပေါ်ကျရောက်နေတဲ့ မာဂိုရဲ့လက်ဖ၀ါးလေးကိုအကြည့်လွှဲလိုက်တော့ ချက်ချင်းပြန်ယုတ်သိမ်းသွားသည် မာဂိုရဲ့စိတ်အနေအထားက တကယ်ခန့်မှန်းရခက်တာပါပဲ
" ဒီနေ့အစောကြီးနိုးနေပါလား "
" မနေ့ကလိုကျုပ်အိပ်နေတဲ့အချိန် ခင်ဗျားထွက်ပြေးသွားမှာစိုးလို့ အရင်ကြိုထထားတာ "
" ထွက်ပြေးတော့ရောဘာဖြစ်လဲ မင်းကမိအောင်လိုက်ဖမ်းပေါ့ '
" ထွက်ပြေးရင်လဲ ကျုပ်ပြန်ဖမ်းနိုင်လောက်တဲ့အကွာအ၀ေးထိပဲသွားပါလား "
အားပျော့နေတဲ့အသံက မာဂိုနဲ့မလိုက်ဖက်...ဘာတွေကြံစည်နေသလဲမသိပေမဲ့ သူ့မျက်နှာလေးကအရင်နေ့တွေလောက်မရဲတင်းတော့တာအမှန်ပါပဲ
" မင်းဘာဖြစ်လို့လဲ အစံ "
မေးခွန်းတွေကိုလျစ်လျူရှုနေတဲ့မာဂိုက ဘုန်းမြတ်ရင်ခွင်ထဲအတင်းတိုး၀င်လာကာ နှုတ်ဆိတ်နေတာကြောင့် ရာသီဥတုအခြေအနေကမဟန်တော့ပေ
" နေမကောင်းဘူးလား "
" အင်း "
" ဒီနားမှာဆေးခန်းတခုရှိတယ် ငါလိုက်ပို့ပေးရမလား "
" မသွားဘူး "
တင်းကျပ်စွာဖက်ထားတဲ့လက်တွေကြောင့် အနေခက်ပေမဲ့ထိုလက်တွေကို ဖြုတ်ချခိုင်းဖို့အထိခံစားချက်မဲ့နေတာတော့မဟုတ်...ထူးထူးဆန်းဆန်း ဒီနေ့မှနှလုံးခုန်မြန်နေတာကြောင့်နည်းနည်းတော့အံ့သြမိပေမဲ့ ရှေ့မဆက်ချင်ပဲဒီတိုင်းလေးရပ်တန့်ချင်မိတော့တာပါပဲ
" ဟိတ် နေမကောင်းရင်လူကိုလာမဖက်နဲ့လေ မင်းအဖျားတွေငါ့ကိုကူးကုန်ရင်ဘယ်လိုလုပ်မလဲ "
သူ့မျက်နှာကိုရင်ခွင်ထဲဖုံးကွယ်ထားတဲ့မာဂိုက ချက်ချင်းခေါင်းထောင်လာကာ ဘုန်းမြတ်ရဲ့မျက်နှာကိုသူ့မျက်နှာနှင့်အနီးကပ်ဆုံးအကွာအ၀ေးထိလှမ်းဆွဲလိုက်သည်
YOU ARE READING
Try To Escape Within 30Days( Completed)