Ep-24(Uni/Zg)

5.8K 411 152
                                    

နေ့ခင်းတည်းက ဘုန်းမြတ်သစ္စာရဲ့လက်တဖက်ကိုကိုင်ပြီးအိပ်လာလိုက်တာ အချိန်အတော်လေးကြာသွားခဲ့ပြီဖြစ်သည်။အိမ်မက်ထဲတော့ဒိန်ခဲတခုကို အားရပါးရစုပ်ယူနေလိုက်တာများအရသာရှိမှရှိ......အိမ်မက်ထဲမှနိုးထအောင်ကြိုးစားရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှုံ့တွတွမျက်နှာနဲ့ Maxကသူ့အားစိုက်ကြည့်နေသည်။ နားမလည်စွာဖြင့် Maxကိုပြန်မော့ကြည့်ရင်း ကိုယ့်ပါးစပ်ကိုယ်ပြန်စမ်းလိုက်တော့ Maxရဲ့လက်မကိုသူ့ပါးစပ်ထဲတွင် ငုံခဲထား၏။

" ထွီ!! ဟေ့ကောင် Max "

" Bossပဲကျတော့်လက်ကိုအတင်းဆွဲယူပြီးစုပ်နေတာလေ
မဟုတ်မှလွဲရော Bossကအိပ်ရင်လက်မစုပ်တတ်...... "

" ရှုး!! ဒီအကြောင်းကိုတခြားကောင်တွေကိုပြန်ပြောမယ်မကြံနဲ့နော် ငါပြန်သိလို့ကတော့ အသေသတ်ပစ်မှာ "

" Bossကလက်မစုပ်ရုံတင်မကဘူး ကိုက်လဲကိုက်သေးတာ။
ကျတော့်လက်ချောင်းတခုလုံးထုံကျင်နေရောပဲ နိုးသွားမှာစိုးလို့သာအနာခံနေရတာ "

" မင်းကလဲနည်းနည်းပါးပါးငါ့ကိုနှိုးအုံးမှပေါ့ ငါကဘုန်းမြတ်သစ္စာအထင်နဲ့ မထသေးပဲပေတေအိပ်နေတာ "

အားနာစိတ်နဲ့ရှက်စိတ်ကရောထွေးကာ Maxကိုအကြည့်လွှဲထားလိုက်သည် Maxကတော့ပြုံးစိစိဖြင့် တွန့်ကြေသွားတဲ့ဂွမ်းစောင်လေးကို သေသပ်စွာခေါက်လိုက်သည်

" နိုးနေပြီလားအစံ "

ကြွေပန်းကန်ထဲဓားတချောင်းထည့်ကာ အခန်းထဲ၀င်ရောက်လာတဲ့ဘုန်းမြတ်ကြောင့် မာဂိုအိပ်နေရာမှချက်ချင်းထိုင်ကာ ပွရှုပ်နေတဲ့သူ့ဆံပင်တွေကိုလက်ဖြင့်လှန်တင်လိုက်သည်

" ခင်ဗျားကကျုပ်ကိုပစ်ပြီး ဘယ်တွေအလေလိုက်နေတာလဲ "

" အလေလိုက်နေတာမဟုတ်ပါဘူး ကိုယ်ကမင်းအဆာပြေအသီးစားဖို့အတွက် ပန်းကန်နဲ့ဓားသွားယူနေတာ "

" ကျုပ်ကခင်ဗျားကိုမျှော်နေတာ "

" ကိုယ်သိလို့အမြန်ပြန်လာတာပေါ့အစံရဲ့ အခုတော့ဘာစားမလဲ ပန်းသီးလား လိမ္မော်သီးလား စပျစ်သီးလား "

Try To Escape Within 30Days( Completed) Where stories live. Discover now