Ep-20(Uni/Zg)

6.2K 417 104
                                    

အတော်ကြာခရီးနှင်လာပြီးနောက် ခပ်ဆွေးဆွေးအိမ်တော်ထဲသို့တဖန်ပြန်ရောက်လာပြန်သည် မာဂိုကားပေါ်မှဆင်းလိုက်တာနဲ့ အကဲပိုလွန်းတဲ့သက်တော်စောင့်တွေက ဖုန်ပေနေတဲ့မာဂိုရဲ့ရှပ်အင်္ကျီကိုချက်ချင်းချွတ်ယူသွားကာ အခန်းထဲပြေး၀င်ပြီးရေချိုးဖို့အဆင်သင့်ပြင်ပေးထားသည် ဘုန်းမြတ်ကတော့ခပ်လှမ်းလှမ်းတွင်သာနေပြီး အကဲခတ်နေလိုက်သည်

" ကိုဘုန်းမြတ် "

သူ့ဘေးကိုတိတ်တဆိတ်ကပ်ကာ စကားလာပြောနေတဲ့မာဂိုရဲ့နောက်လိုက်တယောက်ကြောင့် ဘုန်းမြတ်ခေါင်းကိုညိတ်ကာ ထိုလူရဲ့အနားကပ်သွားလိုက်သည်

" ကိုဘုန်းမြတ်တို့ထွက်သွားတုန်းက ခြံရှေ့မှာဒီပါဆယ်ဘူးတခုကိုတွေခဲ့တာလေ ကိုဘုန်းမြတ်နာမည်နဲ့ရောက်လာတာဆိုတော့ကျတော်လဲတိုက်ရိုက်ပဲလာပေးချင်လို့ပါ "

လက်ထဲမှပါဆယ်ဘူးကြောင့်ဘုန်းမြတ်အတော်လေးစဥ်းစားရကျပ်သွားသည် မာဂိုရဲ့အိမ်မှာသူရှိနေတယ်ဆိုတာအလုပ်အတူလုပ်နေတဲ့သူငယ်ချင်းပဲသိတာဆိုပေမဲ့ အိမ်တည်နေရာကိုမပြောထားတာကြောင့်ဘယ်သူမှသိနိုင်စရာအကြောင်းမရှိတာတော့သေချာသည်
စိတ်ထဲသင်္ကာမကင်းတော့တာကြောင့် မာဂိုသူ့မမနှင့်စကားပြောနေတုန်း ဘုန်းမြတ်အမြန်လေးရှောင်ထွက်လာလိုက်သည်

Bathroomထဲအမြန်ပြေး၀င်ကာ ပါဆယ်ဘူးကိုဖွင့်ကြည့်လိုက်တော့ နှလုံးခုန်သံတွေပင်မြန်ဆန်လာရသည် ထိုဘူးထဲသွေးစွန်းနေတဲ့ လီလီပန်းအဖြူရောင်ကို တပွင့်ချင်းခြွေကာထည့်ထားတာကြောင့် ဘုန်းမြတ်အတော်လေးထိတ်လန့်သွားရသည် မရဲတရဲဖြင့်ပန်းပွင့်တွေကိုမွှေနှောက်ကြည့်လိုက်တော့ စာရွက်လေးတရွက်ထွက်လာသည်

" လက်ဆောင်လေးကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်
မလိုချင်ရင်တော့လွှတ်ပစ်လိုက်ပါ လီလီပန်းကြိုက်တဲ့ခပ်ချောချောအကိုကြီးကိုတော့ သွားမပြနဲ့အုံးနော် "

စာတန်းတိုလေးဆိုပေမဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကိုဘုန်းမြတ်သေချာမသိပေ ခေါင်းထဲအရင်ဆုံးပြေးမြင်မိတာက မာဂိုတယောက်သာလျှင်ရှိတာမို့ သူ့ရှေ့မှဘူးကိုလုံးခြေကာအမှိုက်ပုံးထဲထိုးထည့်လိုက်သည်

Try To Escape Within 30Days( Completed) Where stories live. Discover now