အချိန်အားဖြင့် ည8နာရီရှိပြီဖြစ်တာကြောင့် Ruto Barအတွင်း၌ဧည့်သည်များဖြင့်ပြည့်နှက်နေသည် ၀န်ထမ်းတွေမှာလဲကိုယ်စီအလုပ်ရှုပ်ကာ ဟိုဒီပြေးလွှားနေကြသည်
ဘုန်းမြတ်က securityတာ၀န်ထမ်းဆောင်နေတာကြောင့် Barအပြင်ဘက်၌ဟိုဒီလျှောက်ကာ လူအ၀င်အထွက်ကိုစောင့်ကြည့်နေရသည် ရုတ်တရက်ဆိုသလို သူ့ဘေးနားထိုးရပ်လိုက်တဲ့ကားအနီရောင်ကြောင့် ဘုန်းမြတ်မျက်နှာလွှဲကာခပ်ရေးရေးပြုံးရင်း လုပ်လက်စအလုပ်ကိုဆက်လုပ်နေလိုက်သည်
" ဘုန်းမြတ်သစ္စာ "
ခပ်မာမာအသံပိုင်ရှင်က မာဂိုထိုက်စံမှန်းခန့်မှန်းစရာတောင်မလိုပေ...ဘုန်းမြတ်ဟန်မပျက်ရုပ်ပြန်တည်ရင်း အနောက်လှည့်ကြည့်လိုက်သည်
" အစံပါလား...ဘာလဲငါအလုပ်လုပ်နေတဲ့ Barမှာလာသောက်တာလား "
" ဟုတ်တယ် ကျုပ်ကစောက်ရမ်းအားယားနေတာဆိုတော့ 5နာရီလောက်ကားမောင်းလာပြီးမှဒီမှာလာသောက်တာ "
" ဒါဆိုလဲကြိုဆိုပါတယ်ကွာ အေးဆေးသောက်ပြီးမှပြန်ပေါ့ "
မာဂိုစိတ်တိုနေတဲ့ပုံစံက ဘုန်းမြတ်အတွက်ရယ်ချင်စရာကောင်းနေတာကြောင့် တမင်ကလိနေခြင်းပင်
" ခင်ဗျားကျုပ်လက်ထဲက ပြေးလို့လွတ်မယ်ထင်နေတာလား ဟမ်! "
" ရော့ "
" ဒါဘာလဲ "
" ပိုက်ဆံတစ်သိန်း "
" အဲ့တသိန်းကိုကျုပ်ကဘာလုပ်ရမှာလဲ "
" မင်းဆီမှာသိန်း30အကြွေးတင်နေတာမှတ်လား လောဆယ်တစ်သိန်းအရင်ယူထား ကျန်တာကိုဖြည်းဖြည်းချင်းစီဆပ်သွားမယ် "
" ခင်ဗျားမျက်နှာကို1ချက်10သိန်းနှုန်းနဲ့ သုံးခါထိုးမယ် လက်ခံမလား "
ခါးထောက်ကာပေါက်ကွဲနေတဲ့မာဂိုရဲ့ပုံစံကြောင့် ဘုန်းမြတ်သဘောကျစွာပြုံးရယ်ရင်း လက်ပိုက်ကာမာဂိုအနားတိုးသွားသည်
" ငါ့ကိုပြန်ဖမ်းမိဖို့အတွက် 5နာရီလောက်မောင်းရတဲ့ခရီးကို အပင်ပန်းခံပြီးမောင်းလာတယ်ပေါ့ "
" ကျုပ်ပြောပြီးသားပဲလေ ဒီကစားပွဲမှာအနိုင်ရဖို့ဘာမဆိုအကုန်လုပ်မှာပဲ "
YOU ARE READING
Try To Escape Within 30Days( Completed)