Ep-29(Final)

16K 580 59
                                    

လွန်ခဲ့တဲ့အပတ်ထဲက အဆက်ပြတ်သွားခဲ့တဲ့တယောက်သောသူကြောင့် တည်တံ့ရဲ့စိတ်တွေကသိပ်တော့အဆင်မပြေလှ။ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်မှစပြီး ယခုအချိန်အထိမာဂိုတို့အားနှောင့်ယှက်ခြင်းမရှိတော့တာကြောင့် အနည်းငယ်တော့အသိတရားရသွားလောက်ပြီဟု သူမှတ်ယူထားသည်

" အဆင်ပြေရင်လဲပြေတယ် မပြေရင်လဲမပြေဘူးလို့တော့အသိပေးသင့်တယ်မဟုတ်လား ဒီလူတယောက်နဲ့တော့တကယ်ခက်တာပဲ "

တယောက်ထဲရေရွတ်မိတဲ့စကားသံတွေက အထီးကျန်စွာပျံ့လွင့်ရင်း ခြေလှမ်းတွေကိုအပြင်ဘက်သို့သာဦးတည်လိုက်သည်

Ring Ring 🎶

Contactထဲ " ကိုယ့်လူ " ဟုသီးသန့်မှတ်ထားတဲ့ဖုန်းနံပါတ်လေးက မမျှော်လင့်ပဲ၀င်ရောက်လာသည်။ ဘာရယ်မဟုတ်ပေမဲ့ ထိုနံပါတ်လေးကြောင့် သူ့ရင်ခုန်သံတွေကအနည်းငယ်ပိုမြန်လာရသည်။

" Hello "

" ဘာလုပ်နေလဲ "

" ဘာလုပ်ရမှာလဲ ကျုပ်ကတော့ဒီအတိုင်းအိမ်ထဲမှာအနားယူနေတာပေါ့ လူအိပ်ချိန်ရောက်နေပြီလေ "

" အားလား "

" မအားဘူး "

" မအားရင်လဲ ထားလိုက်ပါတော့ "

" မအားလို့ လူချင်းတွေ့ကြမလား "

တုံ့ပြန်လာမဲ့အဖြေကိိုမကြားရသေးပေမဲ့ခပ်တိုးတိုးရယ်သံကို သူရှင်းလင်းစွာကြားလိုက်ရသည်။ တကယ်ပဲ ၀နမင်းထိုက်ကဘာဖြစ်ချင်နေတာလဲ!

" ဒါဆိုငါ့ဆိုင်ကိုလာခဲ့မလား အပျင်းပြေဘီယာသောက်ကြမယ်လေ "

" အဲ့လိုမျိုးကျ.... "

" မသောက်ချင်ရင်လဲရပါတယ် "

" အလုပ်အမြဲလုပ်နေရတဲ့လူတယောက်အတွက် ညဘက်ဘီယာသောက်တာအဆင်မပြေဘူးကိုယ့်လူ။ဘာလို့လဲဆိုတော့ မနက်ပိုင်းအိပ်ယာထတဲ့အခါထိုင်းမှိုင်းနေတတ်တယ် ဒါပေမဲ့ကျုပ်ကတော့ သောက်လို့အဆင်ပြေတယ် ခံနိုင်ရည်ရှိလို့လေ "

" လူချင်းတောင်မတွေ့ရသေးဘူး ဖုန်းထဲကနေဆရာကြီးလုပ်နေပြန်ပြီ အဲ့တော့မင်းကလာမှာလား မလာဘူးလား "

You've reached the end of published parts.

⏰ Last updated: Feb 15, 2023 ⏰

Add this story to your Library to get notified about new parts!

Try To Escape Within 30Days( Completed) Where stories live. Discover now