Ep-14(Uni/Zg)

7.5K 547 53
                                    

" ကျစ်!! "

Airconမှပျံ့လွင့်လာတဲ့အအေးဓာတ်ကလဲ သူ့ရင်တွင်းပူလောင်မှုကို မကုစားနိုင်ပေ။ အိမ်မက်ဆိုးကြောင့်လန့်နိုးတာပထမဆုံးအကြိမ်ဖြစ်တာမို့ အသက်ကိုပြင်းပြင်းရှုကာ လက်သီးကိုဆုပ်ထားလိုက်သည်

" ဘာဖြစ်လို့လဲအစံ "

မနိုးလောက်ဘူးအထင်နှင့် အသက်ပြင်းပြင်းရှုမိကာမှထိုအမျိုးသားက သူ့မျက်နှာလေးကိိုဆွဲလှည့်ကာအကဲခတ်လာသည်

" ခင်ဗျားအိပ်နေတာမဟုတ်ဘူးလား "

" အိပ်နေပေမဲ့မင်းရဲ့သက်ပြင်းချသံတွေပဲကြားနေရလို့ နိုးလာတာ "

" ကျုပ်အိမ်မက်ဆိုးမက်လို့ "

" ဟုတ်လား ကိုယ့်အစံလေးအရမ်းလန့်သွားမှာပဲ "

သူ့ကျောပြင်ကိုခပ်ဖွဖွပုတ်ကာနှစ်သိမ့်လာသူကြောင့် ထိုအမျိုးသားရဲ့မျက်၀န်းတွေကိုငေးစိုက်ကြည့်နေမိသည်

" မနက်2နာရီပဲရှိသေးတာဆိုတော့ ပြန်အိပ်လိုက်နော် "

" ပြန်အိပ်မဲ့အစား ခင်ဗျားနဲ့မိုးလင်းပေါက်စကားတွေပြောလို့ရမလား "

အကူအညီတောင်းခံသလိုကြည့်လာတဲ့မျက်၀န်းတွေက ခေါင်းညိတ်ကာအသာလက်ခံဖို့လုံလောက်နေပြီဖြစ်သည်

" ဒါဆိုလဲမိုးလင်းတဲ့အထိစကားပြောကြမယ်လေ "

" ကျုပ်ဘာတွေအိမ်မက်,မက်ခဲ့လဲဆိုတာမမေးတော့ဘူးလား "

" ဘာတွေမက်ခဲ့တာလဲ "

" ခင်ဗျားက ကျတော်နဲ့၀ေးရာကိုထွက်ပြေးသွားတယ်လို့မက်ခဲ့တာ။ အခြားသူအတွက်ဒီအကြောင်းအရာက ကြောက်စရာမကောင်းပေမဲ့ ကျတော့်အတွက်တော့ နှခါပြန်မမက်ချင်တဲ့အိမ်မက်ဆိုးတခုလိုပဲ "

" မာဂို... "

" အကယ်၍များလေ.....အကယ်၍များ ခင်ဗျားသာကျတော်တို့နှယောက်ယှဥ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲကိုဆက်ပြီးကစားနေတုန်းဆိုရင် ကျုပ်တော့အတော်လေးခံစားရမယ်ထင်တယ် "

" အရူးလေး....ဘာလို့ပေါက်ကရတွေလျှောက်တွေးနေတာလဲ "

စိုးရိမ်စိတ်များနေတဲ့မာဂိုရဲ့နဖူးကိုခပ်ဖွဖွရိုက်လိုက်တော့ သက်ပြင်းချသံနဲ့အတူအပြုံးရေးရေးထွက်ပေါ်လာသည်

Try To Escape Within 30Days( Completed) Where stories live. Discover now