Ep-6(Uni/Zg)

9.8K 700 115
                                    

မွန်းကျပ်နေတဲ့ခံစားချက်တွေက ထိုအမျိုးသားငယ်ရဲ့ကျောပြင်ထက်ခေါင်းမှီလိုက်တာနဲ့ ပြေလျော့သွားရသည် မ၀ံ့မရဲဖက်ထားတဲ့လက်နှဖက်ကို သူ့အားနဲ့သာအသက်ရှုကျပ်တဲ့အထိဖက်ထားချင်မိသည် လေဟာနယ်ကြားပျံ့လွင့်လာတဲ့ ထိုအမျိုးသားရဲ့lavenderကိုယ်သင်းနံ့ကိုသူကျေနပ်စွာပြုံးပြီး ခိုးရှုမိသည် အိမ်အမြန်ပြန်ရောက်မှာစိုးလို့ လမ်းမှာမိုးတွေရွာပါစေလို့သာ စိတ်ထဲရေရွတ်မိတဲ့အထိပင်...

စိတ်ကူးအတွေးထဲမျောလွင့်နေတုန်း ရုတ်တရက်ဆိုင်ကယ်ကို လမ်းဘေးထိုးရပ်လိုက်တဲ့ဘုန်းမြတ်ကြောင့် သူ့နဖူးနဲ့ဘုန်းမြတ်ကျောပြင်က မိတ်ဆက်ပြီးသားဖြစ်သွားရသည်

အလိုမကျစွာအော်ငေါက်ဖို့ပြင်လိုက်ပေမဲ့ ဘုန်းမြတ်ရဲ့အကြည့်တွေက အခြားတဖက်ကိုဦီးတည်နေတာကြောင့် သူကိုယ်တိုင်ဘုန်းမြတ်ရဲ့အကြည့်ဦးတည်ရာကို လှမ်းကြည့်မိသည် ကော်ဖီဆိုင်အတွင်းမှ အပြုံးချင်းဖလှယ်ကာတွဲလက်တွေကိုမဖြုတ်တမ်းဆုပ်ကိုင်ပြီးထွက်လာတဲ့စုံတွဲကြောင့် ဘုန်းမြတ်ရဲ့အကြည့်တွေမှာစူးရှနေသည်

" ဘုန်းမြတ် "

" ငါ့ခါးကိုသေချာဖက်ထားမာဂို ဆိုင်ကယ်အမြန်မောင်းရင်မင်းပြုတ်ကျသွားလိမ့်မယ် "

ဘုန်းမြတ်ရဲ့စကားအတိုင်း သူ့လက်နှဖက်ကိုဘုန်းမြတ်ရဲ့ခါးပေါ်တင်းကျပ်နေအောင်ဖက်ထားလိုက်သည် အရှိန်နဲ့ထွက်ခွာတဲ့အမြန်နှုန်းကြောင့် အသက်ကိုပင်မနည်းအောင့်ထားရသည်

" ဖြည်းဖြည်းမောင်းစမ်းပါကွာ "

" ငါ့စိတ်ကြိုက်မောင်းလို့ရမလား စိတ်လွတ်ပြီးမောင်းချင်တယ် "

ဘုန်းမြတ်ရဲ့စကားကြောင့် သူ့ခန္ဓာကိိုယ်ကိုအရှေ့ပိုတိုးကာ ဘုန်းမြတ်ရဲ့ခါးကိုပိုဆုပ်ကိုင်ထားလိုက်သည်

" စိတ်တွေလွတ်ပြီး လောကကြီးကိုပါမေ့သွားတဲ့အထိမောင်းလိုက် "

မာဂိုထံမှခွင့်ပြုချက်ရတာနဲ့ ဘုန်းမြတ်ဆိုင်ကယ်ကိုအရှိန်မြင့်ကာ မောင်းနှင်လိုက်သည် မာဂိုကတော့မျက်လုံးကိုစုံမှိတ်ကာ ထိုအမျိုးသားရဲ့ကျောပြင်ထက်ခေါင်းမှီထားသည်
မာဂိုဆုတောင်းထားတဲ့အရာများက အိမ်ပြန်ရောက်ခါနီးမှပြည့်၀လာသည် ခြံထဲ၀င်ကာမှ မိုးရွာချလာတာကြောင့် မာဂိုမျက်မှောင်ကျုံ့ကာ စိတ်ထဲမှကျိန်ဆဲလိိုက်သည် ။

Try To Escape Within 30Days( Completed) Where stories live. Discover now