(U)"ကြွက်မြီးလေး ရှင်းသုမောင်"
ကမ္ဘာမှာ ရှိရှိသမျှ လူတိုင်းနဲ့မတူအောင်
တစ်ယောက်သောသူ ခေါ်တဲ့နာမည်က
ထိုသို့ပင်ဖြစ်သည်။
အဲ့နေ့က ကျောင်းကို ရောက်ရောင်ချင်း ပုခုံးပုတ်ပြီး
လာခေါ်တဲ့လူက တက်တက်ကြွကြွရှိလွန်းနေတာကို တွေ့ရသည်။
"မင်းကို လမ်းမှာတွေ့လိုက်တယ်
ငါလှမ်းခေါ်တာကို မင်းကလှည့်မကြည့်ဘူး"ရှင်းသုမောင် ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။
"ငါ...ငါ မကြားယို့"စာသင်ချိန်နေရာအသီးသီးယူကြတဲ့အခါ
ရှင်းက လင်းစေရဲ့ဘေးမှာ ကပ်ထိုင်လိုက်သည်။
တစ်ဆက်တည်းမှာပဲ လင်းစေရဲ့ သူငယ်ချင်း ဓနပိုင်နဲ့ပါ ခင်လာခဲ့သည်။ဆရာမတွေဆီကနေတစ်ဆင့် သိရတာက
လင်းစေယံက အသက်(၄)နှစ်ရှိပြီဖြစ်ပြီး
ရှင်းနဲ့ ပိုင်ကြီးထက် တစ်နှစ်ပိုကြီးသည်။သီချင်းတွေနဲ့ ခုံပေါက်ကရတာကို
မကြိုက်တဲ့ ရှင်းက
ကျောင်းမှာဖွင့်တဲ့ ကလေးသီချင်းတွေကို ကြားတဲ့အခါ
ဝမ်းနည်းပတ်လတ် ယူကျုံးမရပုံစံနဲ့ အကျယ်ကြီး အော်ငိုသည်။
ဆရာမတွေ ဘယ်လိုပဲ ချော့ချော့ အငိုမတိတ်တဲ့ ရှင်းကို
သတိထားမိတဲ့လူက
ဘေးနားက လင်းစေယံပဲ။
ချက်ချင်းဆိုသလို
လင်းက အတန်းရှေ့ ထွက်ပြီး
တင်ပါးလေးနှစ်ဖတ်ကို အသားပေးလှုပ်ပြကာ
စည်းချက်ကျကျခုန်ကသည်။
ကရင်း သူ့မျက်နှာ ဒီဘက်ပြန်လှည့်လာတဲ့အခါ
ရှင်းသုမောင်ကို သိသိသာသာ ရယ်ပြုံးပြနေတာကို
တွေ့လိုက်ရသည်။
ပေါတောတောနဲ့ အရှက်မရှိပုံက
စိတ်ရှုပ်ထွေးနေတဲ့ ရှင်းသုမောင်စိတ်ကို
အနည်းငယ်ကြည်လင်လာစေခဲ့တာတော့ အမှန်ပဲ။ကရင်း မျက်နှာကြောကလည်း ပြောင်တတ်သေးသည်။
ဘေးနားလာပြန်ထိုင်တော့လည်း စပ်ဖြဲဖြဲနဲ့
"ငါကတာ လှလား"ဆိုပြီး မျက်နှာပြောင်တိုက်ကာ မေးပြန်ပါသေးသည်။"ဂေါက်.....တီး"
တစ်ခွန်းထဲနဲ့ အရှိုက်ကို ထိအောင်
ပြန်ဖြေတော့ သူက သူ့နဖူးသူ လက်ဝါးနဲ့ ဖျန်းခနဲချပြီး
ခေါင်းငိုက်စိုက်လုပ်ပြသည်။
ပေါတောတောနဲ့ တကယ့်ဂေါက်သီးပုံ
ဖြစ်နေတဲ့ သူ့ကိုကြည့်ရင်း
ရှင်းသုမောင် ဟက်ခနဲရယ်လိုက်မိသည်။
ရယ်သံကြားလို့နှင့်တူသည်။
အောက်ကို ငိုက်စိုက်ကျနေတဲ့
လင်းစေယံခေါင်းက ဆက်ခနဲပြန်ထောင်လာပြီး
မျက်ခုံးတို့ပင့်လျက် ရှင်းသုမောင်ကို စိုက်ကြည့်လာသည်။
![](https://img.wattpad.com/cover/304305920-288-k535533.jpg)
YOU ARE READING
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]