8

2.4K 144 9
                                        

(U)

လင်းစေယံနဲ့ သူ့မိဘတွေ ကျောင်းကို
အပြေးအလွှားရောက်လာကြပြီး
ရှစ်တန်းကျောင်းသား ကောင်းထက်ရဲ့ မိဘတွေလည်း
ချက်ချင်းပဲ ရောက်ရှိလာကြသည်။
ကောင်းထက်ရဲ့ မျက်နှာက
ဒဏ်ရာတွေက ယောင်ကိုင်းနေပြီး
လိမ်းဆေးအရှိန်နဲ့ အနည်းငယ်သက်သာနေပြီဖြစ်သည်။
မိဘတွေစုံတော့ ကျောင်းအုပ်ကြီးက
အကြောင်းစုံပြောပြပြီး ဝန်ခံကတိလက်မှတ်ထိုးရန်
ပြောကြားသည်။
နောက်တစ်ခေါက်ထပ်ဖြစ်ခဲ့ရင်
နှစ်ယောက်လုံးကျောင်းနားခံရမည်ဖြစ်ကြောင်းကိုလည်း
အသေအချာသတိပေးလိုက်ပါသေးသည်။

ရှင်းရဲ့လက်ကတော့ ဓာတ်မှန်ရိုက်ရန်လိုတာကြောင့်
ဆေးရုံကို မိဘတွေနဲ့အတူ သွားလိုက်ရသည်။
လင်းစေ ရှင်းကို စိတ်ထဲမှာ စိုးရိမ်နေတယ်ဆိုပေမယ့်
အခုချိန် ပိုစိတ်ပူတာက သူ့ရဲ့မိဘတွေကိုပဲ။
လင်းစေရဲ့မိဘတွေက လင်းစေကို
အရမ်းချစ်ခင်ကြတာဖြစ်ပြီး
ပညာရေးနဲ့လူမှုရေးပိုင်းမှာ
အထူးကိုဂရုတစိုက်ရှိတဲ့ လူတွေပဲဖြစ်သည်။
တစ်သက်နဲ့တစ်ကိုယ် အခုလိုပြဿနာမျိုးနဲ့
ရုံးခန်းရောက်ရလိမ့်မယ်လို့ တစ်ခါမှ
စိတ်မကူးခဲ့ဖူးဘူး။

တစ်မြို့လုံးမှာရှိတဲ့ ဓာတ်ဆီဆိုင်(၉)ဆိုင်ကို ဦးစီးနေတဲ့
အဖေရောအမေမှာ အချိန်ပိုမရှိကြသော်ငြားလည်း
ညစဥ်ညတိုင်း အိမ်စာတွေ
အခြားနားမလည်လောက်မယ့်စာတွေကို
အခုအသက်အရွယ်ရောက်တဲ့အထိ
မေးတုန်း မြန်းတုန်း ဂရုစိုက်တုန်းဖြစ်သည်။
ဒီလောက်ထိ ကိုယ့်အပေါ်အများကြီး
ကောင်းပေးတဲ့ မိဘတွေကိုမှ
စိတ်မကောင်းဖြစ်အောင် လုပ်လိုက်မိတဲ့အတွက်
လင်းစေ သူ့ကိုသူအပြစ်ရှိသလို ခံစားနေရသည်။
အိမ်ပြန်လာတဲ့ တစ်လျှောက်လုံး
အမေရောအဖေရော တိတ်ဆိတ်လျက်သာရှိနေသည်။

အိမ်ထဲဝင်ပြီး လင်းစေ အပေါ်ထပ်တက်မယ်လုပ်ခါမှ
လှေကားအောက်နားက
အမေက တည်ငြိမ်စွာနဲ့ လှမ်းပြောသည်။
"သိပ်မိုက်တာပဲ သားရယ်...."
ပြောပြီး လှေကားရဲ့ကပ်ရပ်က အခန်းထဲကို ဝင်သွားသည့်
အမေ့အား လင်းစေ လှည့်မကြည့်ဝံ့ခဲ့ပါ။
ဆူလိုက် မာန်လိုက်တာထက်
ဆိုးတဲ့စကားက အခုလိုဆို့နင့်စွာနဲ့
ပြောထွက်လာတဲ့ အပြစ်တင်စကားပဲ။
အခုချိန် အမေငိုနေလောက်မလားလို့
တွေးမိတိုင်း လင်းစေရဲ့ရင်တွေ
တဆစ်ဆစ်ပါပဲ။

စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]Where stories live. Discover now