(U)
ပစ္စုပ္ပန်
ပထမဆုံးအကြိမ် တစ်ယောက်တည်း သွားခဲ့ရတဲ့
ဘန်ကောက်ခရီးစဥ်အတွက်
ရှင်းသုမောင် Laptopအပေါ် စာတွေအများကြီး ရိုက်စီနေရသည်။
မိဘနဲ့အတူသွားခဲ့ဖူးတာတွေ ရှိပေမယ့်
တစ်ယောက်တည်း သွားဖူးတာကတော့
အခုတစ်ခါ ပထမဆုံးအကြိမ်ဖြစ်သည်။
စာတွေရိုက်ပြီးတော့ Postတင်ဖို့အတွက်
ဓာတ်ပုံလှတာတွေ ရွေးထုတ်လိုက်တဲ့အခါမှာ
ကားမှတ်တိုင်နဲ့ မီးပွိုင့်အလှကို
အသားပေးရိုက်တဲ့ ပုံက
ရှင်းမျက်လုံးထဲ နေရာဝင်ယူလာသည်။
ကားမှတ်တိုင်မှာ ထိုင်စောင့်နေတဲ့
ကောင်လေးနဲ့ကောင်မလေးက သူတို့နိုင်ငံရဲ့
အထက်တန်းကျောင်းယူနီဖောင်းကို
ဝတ်ထားပြီး ကောင်မလေးက နားကြပ်လေးတပ်ကာ
ဖုန်းကို စိုက်ကြည့်နေသည်။
ဒါပေမယ့် ဘေးက ကောင်လေးကတော့
တစ်ယောက်တည်းစကားတွေပြော ရယ်မောရင်း
ကောင်မလေးရဲ့ မျက်လုံးတွေကို ဘေးတိုက်ငေးကြည့်တဲ့ပုံပေါ်နေသည်။
ခေါင်းငုံ့ထားတာတောင် မရမက
လိုက်ငေးကြည့်တဲ့ ကောင်လေးက
ကိုယ်သိခဲ့ဖူးတဲ့ လူတစ်ယောက်နဲ့ တူနေတာ မလွဲဧကန်ပဲ။
ရှင်းသုမောင် Zoomကို ချဲ့ရင်း ထိုကောင်လေးရဲ့ ဂရုတစိုက်ဖြစ်နေတဲ့ မျက်လုံးတွေကို အဓိပ္ပါယ်ဖတ်ကြည့်လိုက်မိသည်။
ကိုယ်မသိလိုက်တဲ့ အချိန်လေးတွေမှာ
အဲ့လိုငေးခဲ့ဖူးတဲ့သူ့အကြည့်တွေကို
ကိုယ်လေ တစ်ကြိမ်တစ်ခါမှ မဖတ်ခဲ့ဖူးဘူး...။
အတိတ်
"လင်းစေယံ!!!"
(၄)တန်းကျောင်းသား လင်းစေယံကတော့
အချိန်တွေ ဘယ်လောက်ပဲ ပြောင်းသွားပြောင်းသွား၊
ဘယ်ဘက်အခြမ်းကို စောင်းတဲ့ လည်ပင်းကတော့ ပြန်တည့်လို့ မရနိုင်သေးဘူး။
အခုလည်း အရှေ့မှာ ဆရာမက စာသင်နေတာ
သူကတော့ ခုံပေါ်လက်တင်ပြီး အဲ့လက်ပေါ်ခေါင်းကို ချလို့
ဘယ်ဘက်မှာ ထိုင်နေတဲ့ ရှင်းကို ထိုင်ငေးနေသည်။
သူစဥ်းစားနေတာက ရှင်းသုမောင်ရဲ့ ကြွက်မြီးတွေ
ဘယ်တော့မှ ပြန်ရှည်လာလိမ့်မလဲလို့ပေါ့။
အစိုးရကျောင်းမှာ စတက်ကတည်းက
အနောက်မှာ ရှည်ထွက်နေတဲ့ ကြွက်မြီးကို ညှပ်ခဲ့ရတာဖြစ်သည်။
အဲ့တုန်းက ရှင်းထက် ပိုပြီး စိတ်မကောင်းဖြစ်ခဲ့ရတာ
လင်းစေပဲ။
ဒီကြွက်မြီးလေးကို လင်းစေက ဘယ်လောက်ကြိုက်ခဲ့ရသလဲ။
VOCÊ ESTÁ LENDO
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]
Romanceအသွင်မတူကောင်လေးနှစ်ယောက်ရဲ့ ငယ်ဘဝမှ တစ်သက်တာသို့....🍃
![စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]](https://img.wattpad.com/cover/304305920-64-k535533.jpg)