(U)
အုံ့မှိုင်းမှိုင်းရှိနေတဲ့ တိမ်စိုင်တို့ကြောင့်
တာဝန်အရဖြတ်တိုက်တဲ့ လေအေးတို့မှာ
ရှင်းဆံစတို့မှတစ်ဆင့် လင်းစေဆီသို့ ရိုက်ခတ်သည်။
"ဟိုကိုရောက်ရင် လွမ်းနေတော့မှာ"ဆိုပြီး
တဖွဖွပြောရင်း ဉာဥ့်နက်တဲ့အထိ ဖုန်းပြောခဲ့တဲ့
ရှင်းက အခုသွားခါနီးမှာလည်း
လင်းစေရဲ့ မျက်လုံးတွေကို အလွတ်ကျက်လို့ နေဆဲပါပဲ။
"ငါတကယ် လွမ်းနေတော့မှာ...။
မင်းတစ်ယောက်လုံး အရှေ့မှာ ရှိနေတာကို
ငါက ခရီးထွက်ပြီး ဘာလုပ်ရမှာလဲ။
အရင်ကလို ရှာစရာလူလည်း မရှိတော့တာကို"လင်းစေက နှစ်လိုဖွယ်ပြုံးရင်း ရှင်းရဲ့ ဆံပင်တွေကို
အုပ်ဖွပစ်လိုက်သည်။
"အရမ်းတွေ မိမိုက်ချင်ယောင်ဆောင်မနေနဲ့
ငါလည်းလွမ်းတတ်တာပဲ သူများကြားရင်
ငါ့ကိုလူဆိုးကြီးလို့ ထင်နေဦးမယ်""ထင်ထင်ပေါ့ ထွက်သွားတာမင်းလေ မင်းကြောင့် ခရီးတွေထွက်ရင်း ဒီအလုပ်မှာ ပျော်ခဲ့ရတာ"
"နှင်ခဲ့တာကလည်း မင်းပါ မောင်ရာ...။
နှစ်ယောက်လုံး ညီမျှနေတဲ့ ဒီကိစ္စမှာ
ဘာလို့ငါ့ကို အပြစ်ဖို့ချင်နေတာလဲ""....."
ရှင်း လင်းစေကိုစကားပြန်မပြောဘဲ အကြည့်တစ်ချက်သာ
ပစ်ပေးလိုက်တာမို့...လင်းစေ တွန့်သွားကာ
"ဟုတ်ပြီ စချစ်ခဲ့တဲ့ ငါကပဲ အပြစ်ခံယူလိုက်မယ်။
ငါဘက်က စတင်ခဲ့တဲ့ အချစ်မို့
မင်းကနှင်တယ် မင်းနှင်တော့ ငါထွက်သွားတယ်
ငါမရှိတော့တဲ့အချိန်မှာ မင်းက ငါ့ကိုလိုက်ရှာတယ်။
ဟုတ်ပါတယ် ငါပဲအပြစ်ရှိသူမို့ ယူပြီးတဲ့အခါကျရင်
မင်းက အိမ်မှာနေပြီး ငါကမင်းကို ရှာကျွေးပါမယ်"ရှင်း နှုတ်ခမ်းကို အောက်သွားတွေနဲ့
ခပ်ပြုံးပြုံးဖိကိုက်လိုက်ရင်း
လင်းစေကို မကျေနပ်သလိုနဲ့ ကြည့်နေလိုက်သည်။
ပြီးတော့ သူ့ဘယ်ဘက်လက်ကောက်ဝတ်ပေါ်က
နာရီကိုငုံ့ကြည့်ကာ ပြောလိုက်သည်။
"အဲ့ကိစ္စ နောက်မှပြောမယ်
အခုငါ ခရီးထွက်တော့မယ်"လင်းစေရဲ့ ဆေးရုံရှေ့မှာ လာပြီး
နှုတ်ဆက်နေတာမို့ တခြားဘာထူးထူးခြားခြားအပြုအမူမှ
မလုပ်မိလိုက်တော့ဘူး။
လူမမြင်ကွယ်ရာမှာသာဆိုရင်တော့
ကိုယ့်ထက် နှစ်လက်မလောက်ပိုရှည်နေတဲ့ ဒီကောင့်ခေါင်းကို အားနဲ့ ဆွဲချပြီး
ပါးကိုဖိကပ်နမ်းလိုက်မှာ။
![](https://img.wattpad.com/cover/304305920-288-k535533.jpg)
ESTÁS LEYENDO
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]