မင်္ဂလာပွဲကျင်းပ ရလောက်တဲ့အထိ ရှင်းက မမျှော်မှန်းထားပေမဲ့ လင်းစေကတော့ ရှင်းကို ပွဲတစ်ခုခုလုပ်ပြီး တရားဝင်လက်ထပ်ယူချင်သည်။
ဒေါ်မာလာကျပြန်တော့လည်း အိမ်မှာပဲ အကျဉ်းချုံး မင်္ဂလာဆွမ်းကျွေးလောက်သာ လုပ်ပြီး အရင်းနီးဆုံးလူတစ်ချို့သာ ဖိတ်ကာ ပွဲကို အမြန်ဆုံးပြီးချင်သည်။ ဒါကို ရှင်းကလည်း သဘောတူသည်။
ခက်ခက်ခဲခဲ သဘောတူထားရတဲ့ ဒေါ်မာလာကို စိတ်အနှောင့်ယှက်မပေးချင်တာကြောင့် ပါသည်။ဒီလိုနဲ့ ရှင်းကိုတောင်းရမ်းပြီး နှစ်လလောက်အကြာမှာ ရှင်းတို့အိမ်မှာပဲ တိုးတိုးတိတ်တိတ် မင်္ဂလာဆွမ်းကျွေးဖြစ်ကြသည်။
နှစ်ဖက်အသိုင်းအဝိုင်းဘယ်အမျိုးမှ မဖိတ်ဘဲ
ငယ်သူငယ်ချင်း ငါးယောက်နဲ့ ဆည်းဆာရဲ့ကောင်လေး ဇေယျံဇော်ကိုသာ ဖိတ်လိုက်သည်။
လင်းစေကတော့ သူနဲ့အရင်းနီးဆုံး လုပ်ဖော်ကိုင်ဖက် ဆရာဝန်တစ်ချို့ကို ဖိတ်ကြားသည်။လင်းစေနဲ့ရှင်းက နို့စိမ်းရောင်ပုဆိုးကို ဝတ်ဆင်ထားသည်။
အပင်တွေကို ချစ်တတ်တဲ့ ရှင်းရဲ့စိတ်ကူးလေးမို့
လင်းစေက အလိုလိုက်ကာ လိုက်ပါဝတ်ဆင်ထားခြင်းဖြစ်သည်။
နေ့လည်ခင်း ပွဲပြီးတော့ နှစ်ဖက်မိဘတွေကို ကန်တော့ကြသည်။
မကြာခင်အချိန်အတွင်းမှာ ရှင်းမိဘတွေလက်ဖွဲ့ထားတဲ့ အိမ်ကို ပြောင်းရွှေ့နေထိုင်တော့မယ့် သားဖြစ်သူကြောင့် ဒေါ်မာလာမှာ မရွှင်မလန်း။
ရှင်းအဖေနဲ့ လင်းစေအဖေတို့ကတော့ လိမ်လိမ်မာမာနေကြရန်သာ ဆုံးမသည်။
အတူနေဖို့အတွက် ရွေးချယ်ပြီးပြီမို့ ကွဲကွာဖို့ကို မစဉ်းစားသင့်ကြောင်း ပြောသည်။
ဒီနှစ်ယောက်က ကွဲကွာခြင်းဆိုတာကို မသိနိုင်လောက်အောင် ချစ်ကြသူတွေမို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးမိလိုက်ကြသည်။ဒေါ်ရူပါကပါ စကားတွေပြော ဆုတွေပေးနေချိန်
ဒေါ်မာလာကတော့ တိတ်ဆိတ်မြဲသာဖြစ်သည်။
သူမေးချင်တဲ့စကားကို ဘယ်လိုအစချီပြီး မေးရမလဲဆိုတာ လွန်စွာ ခဲယဉ်းနေသည်။
ဒေါ်မာလာ အခန်းထဲမှာရှိတဲ့ လူငယ်တွေနဲ့ လူကြီးတွေအားလုံးကို မသိမသာ ဝေ့ကြည့်လိုက်သည်။
အဲ့နောက်မှာ နှုတ်ခမ်းကို အားယူဖွင့်ကာ ပြောလိုက်သည်။
"သား...လင်းစေ"
ဒေါ်မာလာ စကားကို ရပ်ကာ တံတွေးမျိုချလိုက်သည်။
"အမေ ဘာကိုမှ ထပ်မတောင်းဆိုချင်ပါဘူး
သားအခုလိုပျော်နေရတာမြင်တော့ အမေလက်ခံပေးလိုက်တာက မှန်တယ်ဆိုတာ သိလိုက်ရတယ်
ဒါပေမဲ့ကွယ်...ဒီလက်ထပ်ပွဲမှာ နှစ်ဖက်မိဘတွေယှဉ်လိုက်ရင် အမေတို့အတွက် မတရားသလိုခံစားရတယ်"
ESTÁS LEYENDO
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]