1

8.4K 314 8
                                        

(U)

(တင်းတောင် တင်းတောင် တင်းတောင်....)
ခြံရှေ့ကနေ အဆက်မပြတ်တီးနေတဲ့
Bellသံကြောင့် မကြာသေးခင်ကမှ
ခရီးပမ်းပြီး ခုတင်ပေါ်ကားယားလှဲနေသော
ရှင်းသုမောင်တစ်ယောက် ပျင်းရိပျင်းတွဲနဲ့
ခုတင်ပေါ်မှ ဆင်းရသည်။
အစကတည်းက အတက်အဆင်းလုပ်ရတာ
အတော်ကို ပျင်းရိသူမို့ အိမ်အပေါ်ထပ်မှာတောင် မနေဘဲ အောက်ထပ်မှာသာ နေထိုင်သည်။

အိမ်ထဲကနေ မှုန်ကုပ်ကုပ်နဲ့ ခြံရှေ့လှမ်းကြည့်တော့
ဆိုင်ကယ်တစ်စီးနဲ့ ငယ်သူငယ်ချင်းဖြစ်သူ ဓနပိုင်ကို
မိမိရဲ့ တစ်ဦးတည်းသော ညီမလေး စင်းရူပကာမောင်နဲ့ တွဲတွေ့လိုက်ရသည်။
ချီးထုပ်မက ကျောင်းမှာ ဘာပြဿနာ ရှာပြန်ပြီလဲမသိ။

ခြံတံခါးသွားဖွင့်ပေးတော့
ဟိုကောင်က ကမူးရှူးထိုးနဲ့ ခြံထဲမောင်းဝင်သည်။
သူ့အနောက်က အငယ်မကိုလှမ်းကြည့်တော့
ရုပ်က မအီမလည်နဲ့ ဓနပိုင်ရဲ့ ကျောပေါ် ခေါင်းကြီးက စိုက်လို့။
ကိုယ်တိုင်ကလည်း ပင်ပန်းနေသည်မို့
ဘာမှမေးမနေတော့ဘဲ အိမ်ထဲသာ အရင်ဝင်နှင့်လိုက်သည်။
အဲ့နောက်မှာလိုက်ဝင်လာတဲ့နှစ်ယောက်က
ကိုယ်ထိုင်တဲ့ ဆိုဖာရဲ့ မျက်နှာချင်းဆိုင်မှာ
တိတ်တိတ်လေးဝင်ထိုင်သည်။

ရှင်းသုမောင် ဖုန်းကိုသာ ကောက်ဖွင့်ရင်း
ဟိုကြည့်ဒီကြည့်လုပ်နေလိုက်သည်။
အဲ့အချိန် အရှေ့ကထွက်လာတဲ့အသံက
"ကိုကို...."

အသံက ပြဲလန်ပြီး ငိုမဲ့မဲ့ကလည်း ဖြစ်နေသေးသည်။
စိတ်မရှည်သလိုပုံမျိုးနဲ့ မော့ကြည့်တော့
သနားကမားပုံမျိုးနဲ့ ပြန်ကြည့်သည်။
ဘေးကကောင်ကလည်း အရမ်းတွေ သနားနေတဲ့ရုပ်။

"ကဲ ဘာဖြစ်လာတာလဲ ပြော"

မေးတော့မှ ချက်ချင်းပဲ ထငိုတော့မယ့်ရုပ် လာလုပ်နေပြန်သည်။
"ဟိုလေ...စင်းက ကျောင်းမှာ စည်းကမ်းအရမ်းလိုက်နာတဲ့ ကျောင်းသူဆိုတာကို ကိုကိုသိတယ်မလား..."

"အပိုတွေပြောမနေနဲ့ လိုရင်းကိုပြော"

"ခုံပေါ်က ပြုတ်ကျလာတာ"
သူ့ကို စိတ်မရှည်ဘူးဆိုတာ သိရင် အဲ့လိုစကားကို တုံးတိ​ထပြောတတ်တဲ့ အကျင့်က မေမေနဲ့ တူလို့ ဖြစ်တည်လာတဲ့ စရိုက်မျိုး။
"သန့်ရှင်းရေးတက်လုပ်ရင်း ချော်ကျတာ"

စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]Donde viven las historias. Descúbrelo ahora