Sweet Family Peace Lily

2K 95 2
                                        

(U)

အိမ်ထောင်သက် သုံးနှစ်ဆိုတဲ့ အချိန်ကာလမှာ စကားသိပ်တတ်တဲ့ နှစ်နှစ်သား သားငယ်လေးနဲ့ ရှင်းစေရန်ဆိုတဲ့ ပန်းခြံလေးကလည်း ကောင်းကောင်းမွန်မွန်နဲ့ဖြစ်တည်လာနိုင်သည်။
ရှင်းအရင်ကပန်းသွားဝယ်နေကျ ခြံနဲ့ သိပ်မဝေးလှတဲ့ရပ်ကွက်တစ်ခုမှာ ခြံဝယ်ပြီး ပန်းပင်တွေအမြောက်အမြားစိုက်ပျိုးထားတာဖြစ်သည်။ ရောင်းဖို့မဟုတ်ဘဲ အလှပြဖို့ ဖွင့်ထားတာမို့ ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့လူငယ်တော်တော်များများ လာရောက်လည်ပတ်ကြသည်။ အဲ့ကနေ ဝင်ကြေးအဖြစ်ရထားတဲ့ ငွေတွေကို ပန်းခြံထဲမှာ ထပ်မံအလှဆင်ခြင်း Studioဖွင့်ခြင်းတွေလုပ်ပြီး ဇော့်လက်ထွက် Camera manပေါက်စလေးတွေက ဓာတ်ပုံရိုက်ရင်း ဝင်ငွေရှာကြသည်။
Preweddingရိုက်လည်း လာကြသလို အလှပုံတင်ဖို့အတွက်လည်း လာရိုက်ကြသည်။ ပန်းဆိုတာ လူတွေရဲ့စိတ်ခံစားချက်ကို ကောင်းမွန်အောင် ဖြည့်စွမ်းပေးနိုင်ကြတဲ့ သဘာဝရဲ့နတ်သမီးလေးတွေမို့
'ရှင်းစေရန်'လို့ခေါ်တဲ့ ပန်းခြံလေးဟာ စပြီးဖွင့်လှစ်ချိန်မှ ယနေ့ထက်တိုင် လူမပျက်ဘဲရှိနေတတ်သည်။

ရပ်ဝေးရပ်နီးက လူတွေကလည်း ကြားရတဲ့သတင်းတွေ တွေ့ရတဲ့ပုံတွေကြောင့် မရောက်ရောင်အောင် လာကြသည်။
ရှင်းတို့မိသားစုကတော့ သုံးပတ်တစ်ခါ တစ်လတစ်ခါလောက်သာ လာဖြစ်ကြသည်။ ရှင်းကနေ့ဘက်ဆို စားသောက်ဆိုင်တွေမှာရှိနေတတ်ပြီး သားလေး'ရတုလင်းမောင်'ကတော့ များသောအားဖြင့် ဒေါ်ရူပါတို့အိမ်မှာသာရှိနေတတ်သည်။
​ဒါကြောင့်လည်း မကြာခဏဆိုသလို မြေးရူးဒေါ်မာလာနဲ့ ရန်ပွဲတွေဖြစ်ကြရသည်။
ဒေါ်မာလာက သူ့မြေး ရတုလင်းမောင်ကို နေ့ဘက်တွေခေါ်ကာ ထိန်းချင်ကြောင်း ပြောပေမဲ့ တစ်ပတ်မှာ နှစ်ရက်လောက်သာ သူ့အိမ်လာနေတတ်တာမို့ လက်ပေါ်ကမချတဲ့ ဒေါ်ရူပါကို စိတ်ကောက်ကာနေတတ်သည်။

ရှင်းက ဒေါ်မာလာဆီ ကလေးကို အမြဲမပို့ချင်ဘူးဆိုတာ ဒေါ်မာလာက အိမ်မှာမှ အမြဲရှိမနေတတ်ဘဲ။ ဆီဆိုင်သွားရ အလုပ်တွေလုပ်ရနဲ့ ကလေးဝန်ဆိုတာ ပေါ့တာ မဟုတ်ဘူး။ အီးဝတ်သေးဝတ်လဲရ၊ နို့တိုက်ရ၊ ချော့ရ သိပ်ရနဲ့ ဒါမျိုးတွေက အိမ်မှာရှိနေတတ်တဲ့ လူတွေနဲ့မှ အဆင်ပြေမှာ။ ဒေါ်မာလာက ဆိုင်မှာလေ ဘယ်အဆင်ပြေပါ့မလဲ။ ဝန်ထမ်းတွေလည်း အလကားအလုပ်ပိုလိမ့်မည်။

စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]Where stories live. Discover now