ဟီး စာလုံးပေါင်း မစစ်ရသေးဘူး
(U)
ကျောင်းသားအသံတွေနဲ့
ဆူညံပွက်လောရိုက်နေတဲ့ ကျူရှင်အခန်းထဲကို
ဆရာမ ဝင်လာရင်း တစ်ချက်ဝေ့ကြည့်လိုက်သည်။"ရှင်းက ကျူရှင်ပျက်ပြန်ပြီလား
ဒီကောင်လေးကတော့လေ ခဏခဏကို ပျက်နေတော့တာပဲ"မနေ့ကလေးတင် ကျောင်းလာတုန်းက
နေကောင်းနေသေးတာကို
အခုချက်ချင်းကြီး ပြန်ဖျားတယ်ဆိုတာ
လုံးဝ မဖြစ်နိုင်ကြောင်း လင်းစေရိပ်မိသည်။
ညက ငါးထပ်ဆောင်ပေါ်တက်အော်လိုက်တဲ့
မိမိပယောဂကြောင့် ကျူရှင်လာ မတက်တယ်ဆိုတာ
တွေးကြည့်ရုံနဲ့ အဖြေက ရှင်းနေပြီ။လင်းစေ ဆရာမ ရှင်းပြသမျှကို
သေချာလိုက်မှတ်ပြီး နားချိန်ရောက်တော့
သူများတွေလို မုန့်သွားမစားဘဲ
ရှင်းအတွက် Noteတွေ ထုတ်ပေးနေခဲ့သည်။
ဒီညနေပဲဖြစ်ဖြစ် ရှင်းနဲ့ တိုက်ရိုက်စကားပြောရမှ ဖြစ်မည်။ကျူရှင်က ညနေသုံးနာရီဆင်းတော့
လင်းစေ အခြားသူငယ်ချင်းတွေကို
နှုတ်ဆက်ပြီး စက်ဘီးကို အမြန်နင်းကာ
ရှင်းရဲ့အိမ်ကို အပြေးလေးနှင်ရသည်။
ရှေ့မျက်နှာ နောက်ထားပြီးပဲ ဆိုရမလား။
မျက်နှာပြောင်တိုက်တယ်လို့ပဲ သတ်မှတ်ရမလား။သေချာတာကတော့ ညက လင်းစေအော်ခဲ့တာတွေကို
ရှင်းကြားလိုက်တာပါပဲ။
ရှင်းကို တွေ့ရင် ဘယ်ကနေဘယ်လို စမေးရမှန်း
မသိလို့ ယောင်တောင်တောင် ဖြစ်နေတဲ့
လင်းစေက တွေးရင်းငေးရင်းနဲ့ပဲ
ရှင်းတို့ခြံရှေ့ကို စက်ဘီးလေး ဆိုက်ကပ်မိလာသည်။ဆိုင်ဘက်ဆီကို သွားမနေတော့ဘဲ
ခြံတံခါးရှေ့ကနေ စက်ဘီးဘဲလ်ကို
တီးတော့ ခြံထဲမှာ အသင့်ရှိနေတဲ့
ကြီးမေက လာဖွင့်ပေးသည်။
"လင်းစေပါလား ရှင်းကို သတင်းလာမေးတာနဲ့တူတယ်""ဟုတ်တယ် ကြီးမေ ရှင်းသက်သာရဲ့လား"
"သက်သာပါတယ် နည်းနည်းနုံးနေသေးတယ်ဆိုလို့သာ
ကျူရှင်မပို့ဖြစ်တာ""ဪ တော်သေးတာပေါ့"
လင်းစေ ခြံထဲကို စက်ဘီးတွန်းဝင်ရင်းနဲ့ပဲ
ကြီးမေးပြောသမျှကို နားထောင်နေလိုက်သည်။
အိမ်ပေါက်ဝရဲ့ဘေးက ကြွေပန်းအိုးအကြီးကြီးဘေးမှာ
တစ်ကိုယ်တည်း အထီးကျန်စွာ ရပ်ထားတဲ့
ရှင်းရဲ့ ပြိုင်ဘီးလေးက
လင်းစေရဲ့ စက်ဘီးကို လွမ်းလုလုဖြစ်နေမလားပဲ။
VOCÊ ESTÁ LENDO
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]