"ရှင်းစေရန် ပြန်လာပြီ"
ကျယ်လောင်တဲ့ အသိပေးသံနဲ့အတူ
နိုးပွင့်လာတဲ့ မျက်လုံးအစုံက
ချက်ချင်းဆိုသလို နံရံပေါ်က တိုင်ကပ်နာရီကို လှမ်းကြည့်မိသည်။
ဒီနေ့လည်း အိပ်မက်မက်ပြန်ပြီ။
အရင်လို ကြည်နူးစရာအိပ်မက်မဟုတ်ဘဲ
လင်းစေယံကို 'ရှင်းစေရန်'ဆိုတဲ့ နာမည်ပိုင်ရှင်အဖြစ်နဲ့
အိမ်ကိုပြန်လာပြီဆိုတဲ့အကြောင်းမက်တာဖြစ်သည်။
ဒါပေမယ့် အိပ်မက်ထဲမှာ သူ့ရဲ့မျက်နှာက
အရင်ကနဲ့ မတူတော့ဘဲ တခြားလူတစ်ယောက်လိုပြောင်းလဲသွားပြီး
သူ့နံဘေးမှာ အသားဖြူဖြူပိန်ပိန်သွယ်သွယ်နဲ့ ကောင်မလေးတစ်ယောက်လည်း ကပ်ပါလာသေးသည်။
ဒီအိပ်မက်တွေက သူ့အပေါ်ထားတဲ့ ရှင်းရဲ့ယုံကြည်ချက်တွေကို
သံသယဝင်စေနိုင်တဲ့အထိ မက်ခဲ့ပေါင်း များနေပြီဖြစ်သည်။
အမှန်အတိုင်းပြောရရင် လင်းစေကို
ချစ်နေခဲ့ကြောင်း အတည်ပြုမိတဲ့ အချိန်ကစပြီး
ရှင်းဟာ သူ့မိဘတွေအပေါ်မှာ
အပြစ်တစ်ခုကျူးလွန်မိတယ်လို့ ခံစားနေရသည်။
အဲ့အတွက် တခြားမိန်းကလေးတစ်ယောက်ကို
စိတ်ဝင်စားကြည့်ဖို့ ကြိုးစားခဲ့သော်လည်း
ဘယ်သောအခါမှ မအောင်မြင်ခဲ့ဖူးပါ။
လင်းစေအပေါ်မှာထားတဲ့ စိတ်ကို သစ္စာဖောက်ဖို့လုပ်ခဲ့တာ မဟုတ်ပေမယ့်
ကိုယ့်မိဘတွေအပေါ်မှာ လိပ်ပြာလုံချင်တာကြောင့်
ငါးကြိမ်ထက်မနည်း ကြိုးစားကြည့်ခဲ့ဖူးတာ အမှန်။
ဒါပေမယ့်လည်း မိန်းမလှလေးတွေကိုမှ ချစ်စိတ်မဝင်ဖူးခဲ့တာ
ကိုယ်က သိပ်နုံလို့ပဲ ဖြစ်လိမ့်မည်။
ကောင်ချောလေးတွေနဲ့ မိန်းမလှလေးတွေကို
မြင်ရင် သဘောကျစိတ်ရှိခဲ့ပေမယ့်
သံယောဇဥ်နဲ့ပေါင်းစပ်ထားတဲ့ ငယ်ချစ်လောက်တော့
ဘယ်အင်အားကြီးနိုင်ပါ့မလဲ။
သူ့ကိုချစ်မိလို့ ကိုယ့်ကိုကိုယ် Gayတစ်ယောက်အဖြစ် ခံယူရမယ်ဆိုလည်း ရတယ်။
ဒီလောက်နှစ်တွေအကြာကြီး စောင့်ဆိုင်းရှာဖွေခဲ့ပြီးမှတော့
ဒီလိုခေါင်းစဥ်တပ်ခံရလည်း ကိစ္စမရှိပါဘူး။
အဝေးကလူကို မမြင်ရ မတွေ့ရ မကြားဘဲ ရင်နင့်အောင်လွမ်းနေရတဲ့ ကိုယ်က
ချစ်တဲ့လူကို အနားမှာထားပြီး မျိုသိပ်နေခဲ့ရတဲ့
လင်းစေလောက်တော့ ဘယ်အဖြစ်ဆိုးနိုင်ပါ့မလဲ။
ပြီးတော့ ကိုယ့်လို လေးငါးနှစ်လည်း မဟုတ်ဘူး။
ဆယ်နှစ်ကျော်တောင် သူ့မှာအောင့်အီးထားခဲ့ရတာ။
ဟန်ဆောင်ကောင်းပြီး သိပ်တော်လွန်းခဲ့ပါတယ်...။
VOCÊ ESTÁ LENDO
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]
Romanceအသွင်မတူကောင်လေးနှစ်ယောက်ရဲ့ ငယ်ဘဝမှ တစ်သက်တာသို့....🍃
![စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]](https://img.wattpad.com/cover/304305920-64-k535533.jpg)