9

2.4K 158 10
                                        

စာလုံးပေါင်း မစစ်ရသေးပါ

(U)

"(၁၄)နှစ် ပြည့်မွေးနေ့ကျရင်
ငါ့အမေက ငါ့ဖို့ ဂမုန်းပင်တစ်အိုးဝယ်ပေးမယ်တဲ့
ငါတို့ဝယ်နေကျခြံမှာ မျိုးစိတ်အသစ်ဝင်လို့တဲ့လေ"

ရှင်းက Peace Lilyအပင်ကို ရပြီးချိန်တည်းက
ပန်းစိုက်ရတာကို အရင်ကထက် ပိုသဘောခွေ့လာသည်။
အဓိကအားဖြင့် ဂမုန်းမျိုးစိပ်တွေကိုသာ
စိုက်တတ်ပြီး ခေါင်မိုးထပ်က
ပန်းဥယျာဥ်လေးမှာ
သူ့တစ်ယောက်တည်း အပိုင်လို ဖြစ်နေတတ်သည်။

"ဒါဆို ငါလည်း လက်ဆောင်ပြင်ထားဦးမှပေါ့
ဘာပေးရင်ကောင်းမလဲ"

နှစ်တိုင်းလိုလို ရှင်းသဘောကျတဲ့
ပစ္စည်းအသစ်တစ်ခုပေါ်တိုင်း
အချိန်မဆိုင်းဘဲ ဝယ်ပေးတတ်တဲ့ လင်းစေက
ဒီနှစ်မှာတော့ ဘာပေးရမလဲဆိုတာကို
ခေါင်းခြောက်အောင် စဥ်းစားနေရသည်။
ဘာလို့လဲဆိုတော့ ဒီနှစ်မှာ ရှင်းက
အရူးအမူးကြိုက်လောက်တဲ့ ပစ္စည်း၊ကာတွန်းကား၊
ဇာတ်လမ်းတွဲ ဘာတစ်ခု မရှိသေးတာကြောင့်ဖြစ်သည်။

ကျူရှင်မှာ ဆရာမ မရောက်သေးခင်
လင်းစေတို့အုပ်စုလိုက်ကြီး
ပါဆယ်ဂိမ်းကစားနေကြသည်။
ရှင်းကလည်း ဒီနေ့မှ ထူးထူးဆန်းဆန်းနောက်ကျနေတာကြောင့်
လင်းစေတို့ (၆)ယောက်သာ
ကစားနေကြရသည်။
လင်းစေလက်ထဲကို ပါဆယ်ထုပ်ရောက်ပြီး
မေးခွန်းအတွက် မဲနှိုက်လိုက်တဲ့အချိန်
ရှင်းက တံခါးဝကို ရောက်လာခဲ့ပြီ။
ဒါပေမယ့် ရှင်းလာတာကို ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။

မဲလိပ်ထဲက မေးခွန်းကို သခင်က ဆွဲဖွင့်ရင်း ဖတ်လိုက်သည်။
"သူငယ်ချင်းတွေထဲမှာ ဘယ်သူ့ကို အခင်ဆုံးလဲ"

လင်းစေ ခဏလောက်တော့ တိတ်ဆိတ်သွားပြီး
တစ်ခုခုကို စဥ်းစားဟန်ပြုနေသည်။
ခဏအကြာမှ ပြန်ဖြေလိုက်တာက "ပိုင်ကြီးကို"တဲ့။
အဲ့အချိန်မှာ ရှင်းတစ်ယောက် မျက်မှောင်ကြုတ်သွားပြီး
တစ်စုံတစ်ရာကို အလိုမကျဟန်ဖြစ်သွားသည်။
ဘာလို့သူ့ကို မရွေးရတာလဲပေါ့။
လင်းစေက ရှင်းကို အရမ်းခင်ပြီး
မင်းက ငါ့သူငယ်ချင်းပါလို့ ပါးစပ်က မချတတ်သူဖြစ်သည်။

စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]Место, где живут истории. Откройте их для себя