22

1.7K 114 9
                                        

(U)

လင်းစေ နိုက်ဂျူတီကြောင့် ဆေးရုံမှာသာရှိနေပြီး လွန်ခဲ့တဲ့ နှစ်နာရီလောက်ကတည်းက ခွဲခန်းထဲဝင်နေရတာဖြစ်သည်။ အခုမှသာ ခွဲစိတ်မှုပြီးစီးတာကြောင့် နားနေခန်းထဲကို ဝင်လာရသည်။ အခန်းထဲမှာ တိတ်ဆိတ်နေပြီး စားပွဲပေါ် မှောက်အိပ်နေတဲ့ အမျိုးသားတစ်ယောက်လည်းရှိနေသည်။ ထိုအမျိုးသားလို နောက်ကျောပုံစံမျိုးနဲ့ဝန်ထမ်းကို လင်းစေ ဒီဆေးရုံမှာ တစ်ခါမှ မမြင်ဖူးပါ။
လင်းစေ အရှေ့ကို တိုးလျှောက်လာစဉ် ထိုလူက အိပ်နေလျက်အတိုင်း လင်းစေဘက်ကို မျက်နှာလှည့်လာခဲ့၏။
"ဟင် ရှင်းလား"
လင်းစေရဲ့အသံကြောင့် ရှင်းမျက်လုံးပွင့်လာပြီး လှဲနေတဲ့ခေါင်းကို မတ်လိုက်သည်။
"လင်းစေ..."

"ဘယ်လိုရောက်နေတာလဲ"

"ဆိုင်ရှေ့မှာ ယာဉ်တိုက်မှုဖြစ်လို့ ငါလိုက်ပို့တာ ကားသမားက တိုက်ပြီးထွက်ပြေးတာတဲ့ ခုနကတော့ ဖမ်းမိပြီကြားတာပဲ"

"ဪ...ဒါနဲ့မင်းက ဒီထဲကိုဘယ်လိုသိပြီးဝင်လာတာလဲ"

"ဆရာဝန်မလေးတစ်ယောက်လာပို့သွားတာ ခဏနေရင်မင်းလာလိမ့်မယ်ဆိုပြီး အရပ်ပုပု ဆံပင်တိုတိုနဲ့ပဲ"

"မချယ်ရီများလား"

"ဟုတ်မှာပေါ့"

"သူက ငါ့စီနီယာလေ"
လင်းစေ ရှင်းချွတ်ထားတဲ့ အပေါ်ထပ်ကို ရှင်းကိုယ်ပေါ်လွှားပေးရင်း ပြောလိုက်သည်။
"ပြန်တော့လေ နောက်ကျနေပြီကို လူနာကိုစိတ်ပူမနေနဲ့တော့"

"ဘယ်သူက လူနာကိုစိတ်ပူတယ်ပြောလို့လဲ မင်းနဲ့နေချင်လို့ စောင့်နေတာ"
ရှင်းစကားကြောင့် လင်းစေ ပြုံးမိသွားသည်။
"ပတ်ချွဲနပ်ချွဲတွေ ပြောနေတာများ ရှင်းသုမောင်မဟုတ်တဲ့အတိုင်း"

"မင်းက မကြိုက်လို့လား" ပါးစပ်ကလည်းပြော လက်ကလည်း လင်းစေကို ဖြန်းခနဲချလိုက်သည်။

"မဟုတ်ပါဘူး အရမ်းတွေကြိုက်တာပေါ့ ဒါပေမဲ့ အခုပြန်တော့ မင်းအိပ်ရေးပျက်လိမ့်မယ် ဒီနေရာက လုပ်ငန်းခွင် ငါတို့ချိန်းတွေ့လို့မရဘူး ပေါက်စရဲ့"

"မပြန်ဘူး မပြန်ဘူး"

"တမင်ဂျစ်တိုက်နေတဲ့ ရည်ရွယ်ချက်က ဘာလဲ။ Ukeဖြစ်ကြောင်း ပြချင်နေတာလား"

စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]Tempat cerita menjadi hidup. Temukan sekarang