ခုရေးခုတင်လိုက်တာ စာလုံးပေါင်း မစစ်ထားဘူး😛
(U)
နှင်းသခင်တစ်ယောက် ဆိုင်ကနေ ပြန်ရောက်ရောက်ချင်းပဲ ရေချိုးရန် ပြင်ဆင်နေစဉ် အခန်းတံခါးကို လာခေါက်တဲ့ အမေဖြစ်သူကြောင့် လုပ်လက်စတွေရပ်ပြီး စကားခဏထိုင်ပြောနေရသည်။
"မနက်က မာလာ အမေ့ဆီလာတယ် လင်းစေနဲ့သမီးကို လက်ထပ်ပေးချင်လို့တဲ့""ဟင် ဘယ်လို ဘယ်လို"
"ဘာလို့အဲ့လောက်လန့်သွားရတာလဲ သမီးတို့က သူငယ်ချင်းတွေပဲမလား"
"သူငယ်ချင်းတွေမို့လို့ လန့်တာပေါ့ သမီးအဲ့လင်းမြွေကောင်ကို လက်မထပ်ဘူးနော်"
"ဘာဖြစ်လို့လဲ သမီးမှာ ရည်းစားတွေ ဘာတွေရှိလို့လား"
"ရှိရှိ မရှိရှိ သမီးက သူမို့လို့ကို မယူချင်တာ"
"လင်းစေက ငြင်းစရာမရှိဘူး အရူးမလေးရဲ့ သမီးမှာ သူ့ကို ငြင်းစရာအကြောင်းပြချက် မရှိရင် အမေကတော့ ပေးစားမှာပဲ"
သခင် ခေါင်းထဲတော်တော်ရှုပ်ထွေးသွားသည်။ လက်မထပ်ချင်တဲ့ အကြောင်းပြချက်က လင်းစေက ရှင်းရဲ့ချစ်သူဖြစ်နေတာက အဓိကဖြစ်နေတော့ ဒီအကြောင်းကို ဖွင့်ပြောဖို့ကလည်း မဖြစ်နိုင်ပေ။ သခင် လွယ်ကူတဲ့အကြောင်းပြချက်ကို ရှာနေပေမဲ့ ခေါင်းထဲက ဘာမှထွက်မလာတာကြောင့် အလျင်လိုနေတဲ့သူ့အမေကို ပါးစပ်ထဲရှိရာ ကောက်လိမ်လိုက်သည်။
"သမီးမှာ ရည်းစားရှိတယ်"အမေ အံ့ဩသွားသည်။
"ရည်းစား ဘယ်ကရည်းစားလဲ ဘယ်သူလဲ""အဲ့ဒါက..."
သခင် သူ့ကို ဖွင့်ပြောထားတဲ့လူတွေထဲက အသင့်တော်ဆုံးဖြစ်မယ့်လူကို စဉ်းစားတဲ့အခါ ဦးနှောက်ရဲ့ မှတ်ဉာဏ်ပိုင်းက ဗလာဖြစ်သွားပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မမှတ်မိဘဲဖြစ်သွားသည်။ သို့သော် ပါးစပ်က ထွက်မိသွားတာကတော့ "ဒီး..."သခင့်အဖြေကြောင့် သူ့အမေ အတော်ကို လန့်ဖျန့်သွားပြီး မျက်လုံးတွေတောင် ပြူးကုန်သည်။ ပြီးတော့မှ စိတ်ကို ပြန်စုစည်းရင်း သခင့်ရဲ့ကျောကုန်းကို လက်ဝါးနဲ့ တဖျပ်ဖျပ်ထရိုက်တော့သည်။
"အရူးမလေး အရူးမလေး လင်းစေကိုကျတော့ သူငယ်ချင်းမို့လို့လက်မထပ်နိုင်ဘူးဆိုပြီး ဒီးဒီးကျတော့ နင့်သူငယ်ချင်း မဟုတ်လို့လား ဟမ်"
BẠN ĐANG ĐỌC
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]