(U)
တစ်ချို့သော မေ့လျော့ခြင်းတွေက
တစ်ခါတလေကျပြန်တော့လည်း
မေ့လျော့နေတာ မဟုတ်ဘဲ
တမြေ့မြေ့နဲ့ ခံစားရခြင်းတွေ ဖြစ်နေတတ်သည်။ခရီးကနေ ပြန်ရောက်ကတည်းက
အိမ်ပေါ်နဲ့ ဥယျာဥ်ထဲကိုပဲ ခေါက်တုံ့ခေါက်ပြန်ဖြစ်နေတဲ့
ရှင်းကို အမေဖြစ်သူ ဒေါ်ရူပါ
သတိထားမိနေတာ ကြာခဲ့ပြီ။
"သား ဒီတစ်ခေါက် ခရီးက ပြန်လာတာ
တစ်ပတ်တောင်ကျော်ပြီနော်
ဘာလို့အပြင်တစ်ခါမှ မထွက်သေးတာလဲ"ရှင်း Sprayဘူးအသစ်ကို ပါကင်ဖောက်ရင်း
ပြန်ဖြေလိုက်သည်။
"သားပင်ပန်းနေလို့ပါ""အိမ်ထဲမှာချည်းနေတော့
ပိုပြီးစိတ်မပင်ပန်းဘူးလားကွယ်
စိတ်ပြေလက်ပျောက် ညီမလေးကို ထမင်းချိုင့်သွားပို့ပါလား"အခန်းထဲကို ဝင်ဖို့ပြင်နေတဲ့ ရှင်းခြေထောက်တွေ
တန့်ခနဲရပ်သွားသည်။
တစ်ဆက်တည်းမှာ ဒေါ်ရူပါရဲ့
အသံကိုလည်း ထပ်ကြားလိုက်ရသည်။
"မ...မပို့ချင်လည်း မပို့ပါနဲ့
ထုံးစံအတိုင်း ဆိုင်က အလုပ်သမားတွေကိုပဲ
ပို့ခိုင်းလိုက်ပါမယ်
သားနားချင်လည်း နားလိုက်လေ သွားသွား"
ရုတ်ချည်းပြန်ပြင်ပြောလိုက်တဲ့ စကားရဲ့နောက်ကွယ်မှာ
ရှင်းကို ဖုံးကွယ်ထားတာ တစ်ခုခုရှိကြောင်း
ရှင်းရိပ်မိနေသည်။
ဒါပေမယ့်လည်း အတင်းအကြပ်သိရဖို့ကို
ရှင်းကြိုးစားမနေချင်ဘူး။
မမြင်ရတဲ့ ကံကို ပုံချရတာက
ကိုယ့်ကိုကိုယ်စိတ်သက်သာရစေတဲ့
နည်းမို့လို့ ဒီနည်းကိုသာ ရှင်းအသုံးချလိုက်ခြင်းဖြစ်သည်။»»————><————««
"ရွှီးးးးးးး"
အပြေးအလွှား အလုအယက်နဲ့ ဘောလုံးကန်နေရင်းကနေ
ဆရာ့ရဲ့ စူးရှရှဝီစီသံကြောင့်
လင်းစေတို့ အုပ်စုလိုက်ကြီး ရပ်တန့်သွားကြသည်။"လင်းစေယံ ဘောလုံးကို ဘယ်လိုကန်နေတာလဲ
ဘယ်လိုဖြစ်လို့ ရှင်းသုမောင်ဆီကိုပဲ ဘောလုံးတွေ လှိမ့်ပေးနေတာလဲ
သူက ဟိုဘက်အသင်းကဆိုတာကိုရော သတိထားမိရဲ့လား"ခြောက်တန်းအသင်းအတွက် ကစားသမားတွေ
ရွေးထုတ်ပြီး လေ့ကျင့်ကြတဲ့
နှစ်ရက်မြောက်နေ့မှာ ကစားသမားတစ်ယောက်က
ကျောင်းပျက်တာကြောင့်
ရှင်းကို အစားဝင်ကန်ခိုင်းထားတာ ဖြစ်သည်။
ဖြစ်ချင်တော့ ခွေးကောင်လေး လင်းစေယံက ရှင်းကိုမြင်တာနဲ့
ဇာတိတွေပြန်ပြလာသည်။
သူ့စိတ်ထင်
ရှင်းကို သူနဲ့တစ်သင်းတည်းများ ထင်နေလားမသိ။
တခြားကစားသမားတွေကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ကို မထင်ကာ
အီးတောင် တစ်ချက်လှည့်မပေါက်ခဲ့ပါ။
YOU ARE READING
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]