5

2.9K 183 12
                                        

(U)

ဆရာ မရှိတဲ့အချိန်မို့ အခန်းထဲ ကျောင်းသားတွေရဲ့
စကားများ ပြောဆိုသံတွေနဲ့ ဆူညံလို့နေသည်။
အင်္ဂလိပ်စာကို အထူးစိတ်ဝင်စားတဲ့ ပိုင်ကြီးက
သူ့ရဲ့ မျက်မှန်အဝိုင်းလေးကို ပင့်တင်ရင်း
စာထိုင်ဖတ်နေသည်။
လင်းစေကတော့ ပြီးခဲ့တဲ့အတန်းချိန်တုန်းက
ရှင်း နားမလည်လိုက်တဲ့ စာတွေကို ပြန်ရှင်းပြနေသည်။

အရှေ့က သခင်နဲ့ ဒီးဒီးကတော့ ထုံးစံအတိုင်း ကိစ္စသေးသေးလေးကို ပုံကြီးချဲ့ပြီး ရန်ဖြစ်နေကြလေရဲ့။
"နင့်စာအုပ်ကြီး ဟိုဘက်တိုးလေ ဒီမှာ ငါနေစရာနေရာ မရှိတော့ဘူး"

ဒီးဒီးက ပြောရင်း လက်နဲ့တွန်းချလိုက်တာမို့
သခင့်ရဲ့စာအုပ်ကြီး အောက်ပြုတ်ကျသွားသည်။

"အရူးမ နင်အခုပြန်ကောက်ပေး"
သခင်က ပြန်ကောက်ပေးဖို့ ပြောရင်း
ဒီးဒီးရဲ့လက်မောင်းကို ဖြန်းခနဲ ပိတ်ချလိုက်သည်။
စရိုက်ချင်းတူတဲ့ ဒီးဒီးကလည်း စွာတေးလန်ပီသစွာ
ပြန်ရိုက်ဖို့ လက်ကပြင်ရင်း
"နင်ငါ့ကို ဘာလို့ရိုက်တာလဲ မသာမရဲ့"

"အရိုက်မခံချင်ရင် ငါ့စာအုပ်ပြန်ကောက်လေ"

"အဲ့ဒါပါးစပ်က ပြောပါလား ဘာလို့ရိုက်တာလဲ
နင့်မှာ ပါးစပ်မပါဘူးလား"

"ပါလို့ အခုပြောနေတာပေါ့"

တစ်ယောက်တစ်ခွန်းပြောကြ လက်ကလည်း တစ်ဖတ်ဖတ်ရိုက်နေကြတာကြောင့်
ဘေးက ဆည်းဆာ ဒေါသထွက်လာသည်။
"တိတ်ကြစမ်း ငနာမတွေ"

ဆည်းဆာရဲ့ အသံက တစ်ခန်းလုံးကို ဖုံးလွှမ်းသွားတာမို့
အခန်းထဲက လူတွေပါ တိတ်ကျသွားသည်။
လင်းစေကလည်း သက်ပြင်းကိုချကာ
ရှင်းကို စာမှာ အာရုံစိုက်ရန် လက်ကုတ်လိုက်သည်။
သခင်တို့သုံးယောက်က အချင်းချင်းသာ မတည့်ကြတာ
အဲ့လိုနှုတ်ကြမ်းအာကြမ်းတဲ့ နေရာမှာတော့
တစ်လေသံတည်းညီကြသည်။
ဆည်းဆာကိုလည်း ဘေးက ဇော်က တားလိုက်တာမို့
သူတို့ရန်ဆက်မဖြစ်ကြတော့ဘူး။

အဲ့အချိန် ပွစိပွစိနဲ့ လင်းစေတို့ အနောက်တန်းကို
လှည့်ထိုင်လာတဲ့ သခင်က သူ့ဘေးက ဒီးဒီးကို စိတ်ဆိုးနေတဲ့ပုံ ရသည်။
သူ့စာအုပ်ကို လက်နဲ့တစ်ရွက်ပြီးတစ်ရွက် ကြမ်းတမ်းစွာလှန်ရင်း
အရှေ့က ရှင်းတို့နှစ်ယောက်ကို မျက်စောင်းလှမ်းခဲလိုက်သေးသည်။

စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]Место, где живут истории. Откройте их для себя