ထုံးစံအတိုင်း စာလုံးပေါင်း မစစ်ရသေးတာတော့ သိတယ်မလား😖
(U)ကိုယ်ဘဝရဲ့ ဖြတ်သန်းခဲ့သမျှ
အချိန်တိုင်းမှာ အနားကနေ ပြုံးတစ်လှည့်
ငိုတစ်လှည့်နဲ့ အတူရှိနေပေးခဲ့တဲ့သူကို
ဘယ်သောအခါမှ ထပ်မတွေ့ရတော့ဘူးဆိုတဲ့အသိက
လွန်စွာမှာ နာကျင်စရာကောင်းလှသည်။
သူငယ်ချင်းတစ်ယောက်အနေနဲ့ ခင်မင်ခဲ့တဲ့
ရှင်းတောင် ဒီလောက်ထိ စိတ်ဒဏ်ရာရနေမှတော့
တမူထူးပြီး ချစ်ခဲ့ရတဲ့ လင်းစေတစ်ယောက်တော့ဖြင့်
ဘယ်လောက်များ ခံစားနေလိုက်ရမလဲ...။သခင်တို့ ဆည်းဆာတို့ကလည်း
ဘာအကျိုးအကြောင်းမှ မပြောဘဲ
ထွက်သွားတဲ့ လင်းစေကြောင့်
စိတ်မကောင်းတွေဖြစ်ကာ
လင်းစေရဲ့ မိဘတွေကို သတင်းသွားမေးကြသည်။
ဒေါ်မာလာတို့ ပြန်ဖြေလိုက်တဲ့ အဖြေက ရိုးရိုးလေးပါပဲ။
"အစကတည်းက လွှတ်ဖို့ကို စီစဥ်ထားတာ
အခုမှ တကယ်သွားဖို့ ဖြစ်လာလို့ပါ"တဲ့။ကျောင်းက ဆရာမတစ်ချို့နဲ့
လင်းစေရဲ့မိဘတွေသာ သိတဲ့ ဒီအချင်းအရာကို
ရှင်းရဲ့မိဘတွေတောင် သေချာရေရာစွာ မသိခဲ့ဖူးဘူး။
ဒါပေမယ့်လည်း ရုတ်တရက်ထွက်သွားတဲ့
လင်းစေက ထွက်မသွားခင် အိမ်ကို ဝရုန်းသုန်းကားရောက်ချလာပြီး
အဲ့နောက်ပိုင်း ရှင်းအခန်းအောင်းနေတတ်တဲ့ အပြုအမူတွေကြောင့်
လင်းစေထွက်သွားရတဲ့ အကြောင်းက
မိမိတို့သား ရှင်းသုမောင်ရဲ့ ပယောဂမကင်းဘူးဆိုတာ
ခန့်မှန်းမိကြသည်။လင်းစေမရှိတော့တဲ့နောက်ပိုင်း
ရှင်းက စာကို ပိုမိုအာရုံစိုက်လာပြီး
Noteတွေကိုလည်း ဂရုတစိုက်လိုက်မှတ်တတ်လာသည်။
တစ်သက်လုံး သူများလုပ်ပေးတဲ့ အဆင်သင့်မှတ်စုတွေကြောင့်
ကိုယ်တိုင်ထုတ်ထားတဲ့ မှတ်စုတွေကို ကြည့်တဲ့အခါ
တစ်ခါတလေတော့လည်း နားမလည်ဖြစ်မိသည်။
တစ်နေကုန်ပင်ပန်းပြီး စက်ဘီးစီးထွက်ချင်စိတ်ဖြစ်ရင်တောင်
ကိုယ့်အနားမှာ မရှိတော့တဲ့ လူတစ်ယောက်ကြောင့်
လမ်းကြောင်းပြောင်းရင်း အိမ်တန်းပြန်ခဲ့ရတဲ့ ညနေတွေ။
![](https://img.wattpad.com/cover/304305920-288-k535533.jpg)
ESTÁS LEYENDO
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]