(U)
မုန့်စားကျောင်းဆင်းတိုင်း
ဘောလုံးထွက်ကန်လေ့ရှိတဲ့
လင်းစေတို့ သူငယ်ချင်းသုံးယောက်က
ဒီနေ့လည်း အရင်နေ့တွေကလို
အအေးဘူးတွေ ခုံပေါ်တင်ခဲ့ပြီး
ဘောလုံးကွင်းထဲ ဝင်လာကြသည်။
ငါးထပ်ဆောင်ကြီးရဲ့ အရှေ့တည့်တည့်မှာ
ရှိနေတဲ့ ဘောလုံးကွင်းက မြင်ဖူးနေကျဘောလုံးကွင်းတွေလို
မြက်ခင်းတွေပေါက်နေတာထက် အပင်ကင်းစင်တဲ့
မြေသားပြင်ကြီးဖြစ်နေသည်။
အဲ့ကွင်းပတ်ပတ်လည်မှာတော့ သစ်သားခုံတန်းလေးတွေရှိပြီး
လာကြည့်သူကကြည့် အပြင်းပြေလာထိုင်သူက ထိုင်နှင့်
တစ်ခါတလေ ကျောင်းရဲ့တစ်ဦးတည်းသော ကာယဆရာကလည်း လာကြည့်နေတတ်သည်။လင်းစေတို့က အလယ်တန်းကျောင်းသားဆိုပေမယ့်
ဘောလုံးကွင်းရဲ့ဘေးက ငါးထပ်ဆောင်ကြီးက
(၉)တန်း(၁၀)တန်းတွေအတွက် သီးသန့်ဆောက်ထားတဲ့
စာသင်ဆောင်ကြီးမို့ လာကြည့်သူအများစုမှာ
အထက်တန်းကျောင်းသားတွေသာဖြစ်သည်။
အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေပေါင်းပြီး
ဖြစ်သလိုဖွဲ့စည်းထားတဲ့ အသင်းနှစ်သင်းလုံးမှာ
လင်းစေနဲ့ရှင်းကတော့ ဆယ့်နှစ်ရာသီတစ်သင်းတည်းသာ ကျလေ့ရှိကြသည်။
ခွဲမရတဲ့နှစ်ယောက်ကို တခြားကျောင်းသားတွေကလည်း
တကူးတကကြီး ခွဲပစ်ဖို့ စိတ်ကူးမရှိတာကြောင့်လည်း ဖြစ်မည်။
တကယ်တော့ တစ်ယောက်ယောက်က ခွဲကြဖို့ပြောရင်တောင်
ရှင်းက လက်ခံပေမယ့် လက်မခံနိုင်ဘဲ အတင်းငြင်းဆန်သူက လင်းစေသာဖြစ်သည်။"ကဲကဲ စကြမယ်ဟေ့"
ဆယ်တန်း(Bio)က အစ်ကိုကြီးတစ်ယောက်က
လက်ခုပ်တီးပြီး ပြောလိုက်တာနဲ့
ကန်မယ့်လူတွေအားလုံး ကွင်းထဲကို အသီးသီးရောက်လာကြသည်။
ရှင်းရော လင်းစေပါ ပုဆိုးကို ဒူးခေါင်းထိ
တိုတိုတုတ်တုတ်ပြင်ဝတ်လိုက်ကြပြီး
လက်ရှည်ဝတ်လာတဲ့ ရှင်းရဲ့အင်္ကျီလက်တွေကို
လင်းစေက ဆွဲခေါက်လိပ်တင်ပေးနေသည်။
"ကာယဆရာကို ပြောရမယ် အားကစားဝတ်စုံစီစဥ်ပေးဖို့ကို"
လက်တွေကို ခေါက်တင်ပေးရင်း ပြောနေတဲ့
လင်းစေယံက တစ်ဖတ်က စိတ်မရှည်ခြင်းတွေနဲ့
စောင့်ဆိုင်းနေတဲ့
စီနီယာအစ်ကိုကြီးတွေကို ဂရုစိုက်မနေခဲ့ဘူး။
"ထားလိုက်စမ်းပါ အခုမြန်မြန်လိပ်တင်ပေး
သူများတွေ စောင့်နေတယ်"
VOCÊ ESTÁ LENDO
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]