(U)
စာလုံးပေါင်း မစစ်ထားပါဘူး အဂျစ်တို့🤟
»»----><----««
နဝမတန်းစတက်ကတည်းက
ရှင်းက မကြာခဏဆိုသလို ဖျားတာနာတာတွေ
ဖြစ်နေတတ်သည်။
ဆေးခန်းပြတိုင်းလည်း သွေးအားနည်းတာကလွဲရင်
တခြားကြီးကြီးမားမားရောဂါမရှိတာကြောင့်
အားရှိအစားအစာတွေနဲ့ ဆေးတွေကိုသာ
တစ်နေ့တစ်မျိုးမရိုးရအောင်
တိုက်နေရသည်။
တစ်လအတွင်း ကျောင်းပျက်ရက်က
ဆယ်ရက်လောက်အထိ ပျက်ရက်စိပ်လာခဲ့သည်။
"ရှင်း မနက်ဖြန်မင်းကျောင်းပျက်ဦးမယ်ဆို"
"ဟုတ်တယ် ငါဆေးသောက်တာရော
ဆေးသွင်းတာရော အကုန်လုပ်ကြည့်ပြီးပြီ
ဒါပေမယ့် ကျန်းမာရေးက
လုံးဝအရှင်းကြီး ကောင်းမှကောင်းမလာသေးတာ
အဲ့ဒါအမေတို့က ဘုန်းကြီးတစ်ပါးဆီသွားပြီး
ဗေဒင်တွက်မလို့တဲ့"
"ဟာ မင်းကလည်း ဒီနေ့မှ ကျောင်းလာပြန်တက်တာကို
မနက်ဖြန်က ပျက်ဦးမယ်"
မျက်မှောင်ကြုတ်ပြီး စူစူဆောင့်ဆောင့်ဖြစ်နေတဲ့
လင်းစေကို ကြည့်ပြီး ရှင်းသဘောတကျနဲ့ ပြုံးလိုက်သည်။
"တစ်ရက်တည်းဟာကို အဲ့လောက်စိတ်မပျက်ပါနဲ့"
"ဒါပေမယ့် မင်းကျောင်းရော ကျူရှင်ရော ပျက်တာ
မနေ့ကနဲ့ဆို ဆယ့်နှစ်ရက်တောင်ရှိပြီလေ"
လင်းစေရဲ့ တိတိကျကျမှတ်သားနိုင်စွမ်းကို
ရှင်းအလွန်ပဲ အံ့ဩသွားရသည်။
"မင်းမှတ်ထားတာလား"
"တမင် မှတ်ထားဖို့ ရည်ရွယ်ချက်မရှိပေမယ့်
သူ့အလိုလို အသေးစိတ်မှတ်မိနေတာကတော့
ငါ့ဦးနှောက်ရဲ့ အပြစ်လို့ပဲ ပြောရမယ်"
"မဟုတ်ပါဘူး ဒါအပြစ်မဟုတ်ပါဘူး"
"အင်းလေ ဒါက အချစ်ပဲမလား"
"ဟမ်..."
လင်းစေရဲ့ ရုတ်တရက်စကားကြောင့်
ရှင်းပါးစပ်အဟောင်းသားလေးဖြစ်သွားပြီး
ဘာပြန်ဖြေရမှန်းမသိဖြစ်သွားသည်။
"အာ....အချစ်မဟုတ်ဘဲ မင်းရဲ့ဦးနှောက် ချို့ယွင်းနေတယ်ပဲ ထားလိုက်ပါတော့"
"ခွေးကောင်လေး"
လင်းစေ စိတ်ထဲမပါတဲ့ ဆဲဆိုစကားကို ဆိုရင်း
ရှင်းရဲ့ ခေါင်းနားကို လက်သီးဆုပ်လေးနဲ့
တစ်ဆတ်ဆတ် ရွယ်ပစ်လိုက်သည်။
အသဲယားလွန်းလို့ အားရပါးရ ထုချပစ်ချင်ပေမယ့်
တကယ်တော့ မထုရက်ပါဘူး။
ဒီကောင်လေးက လင်းစေရဲ့စိတ်ကို အချိန်တိုင်း လွှမ်းမိုးနေလျက်ပါပဲ။
CZYTASZ
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]
Romansအသွင်မတူကောင်လေးနှစ်ယောက်ရဲ့ ငယ်ဘဝမှ တစ်သက်တာသို့....🍃
![စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]](https://img.wattpad.com/cover/304305920-64-k535533.jpg)