(U)
ရှင်းသုမောင် ပန်းပင်တွေ ရေလောင်းပြီးတော့
မနက်အစောကြီးတည်းက ထထွက်သွားလို့
လူမရှိဖြစ်နေတဲ့ မိဘနှစ်ပါးအခန်းထဲ ဝင်ကြည့်လိုက်သည်။
မြို့ထဲက ဆိုင်ခွဲတွေဆီကို နေ့မအား ညမအား သွားကြည့်ကြလို့
မိမိနဲ့ မျက်နှာချင်းသိပ်မဆိုင်ဖြစ်တဲ့
အဖေနဲ့အမေကြောင့် တစ်ခါတလေတော့လည်း
ဟိုးငယ်ငယ်က ခြံထဲမှာသာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို
လွမ်းမိသည်။
အဖေနဲ့အမေရဲ့ အခန်းနံ့လေးက
အရင်အတိုင်း မပြောင်းလဲသေးဘူး။
အဖေဆွတ်နေကျ ရေမွှေးနံ့သင်းသင်းလေးရယ်၊
အမေ့မှန်တင်ခုံပေါ်က မိတ်ကပ်၊ နှုတ်ခမ်းနီနံ့တွေရယ်
အဲ့ကြားထဲ ဝင်ရောစွပ်နေတာက အမေတစ်ခါမှ သူမရဲ့ မျက်နှာပေါ် မတင်ခဲ့ဖူးတဲ့ သနပ်ခါးနံ့ပဲ။
အမေက ရှင်းကို ဟိုးငယ်ငယ်တည်းကနေ အထက်တန်းကျောင်းသားဘဝအထိ
သူကိုယ်တိုင် ကျောက်ပြင်ပေါ် သွေးထားတဲ့
သနပ်ခါးကိုသာ ဖုံနေအောင် လိမ်းပေးတတ်သည်။
ဒါကြောင့် သူကိုယ်တိုင် မလိမ်းတဲ့ သနပ်ခါးကို
အခန်းထဲ ထည့်ထားခြင်းဖြစ်သည်။
ကိုယ်ကိုယ်တိုင် သနပ်ခါးကို စွဲစွဲလမ်းလမ်း မကြိုက်ခဲ့ဖူးပေမယ့်
အမေ့ကြောင့် နေ့စဥ်နေ့တိုင်း လိမ်းခဲ့ရသည်။
သို့ပေမယ့် တစ်စုံတစ်ယောက်ကတော့ မိမိရဲ့ ပယောဂကြောင့် သနပ်ခါးမလိမ်းစဖူး
လိုက်လိမ်းဖူးပါသေးသည်။
မူကြိုအရွယ်တည်းက အခု (၅)တန်းရောက်တဲ့ အချိန်ထိ
ရှင်းက အမြဲတမ်း ကျောင်းကို အရင်ရောက်လေ့ရှိပြီး
လင်းစေက ပုံမှန်အားဖြင့် ရှင်းထက်နောက်ကျတတ်သည်။
ဒါပေမယ့် ဒီနေ့မှာတော့ လင်းစေက ကျောင်းကို
အရင်စောရောက်နေပြီး ကျောင်းရှေ့က အုတ်ခုံမှာ
ခပ်လျော့လျော့ထိုင်နေသည်။
ဂိတ်စောင့်ဆရာမတွေက "ဘာထိုင်လုပ်နေတာလဲ"လို့မေးတော့
အမှန်အတိုင်းပဲ ပြန်ဖြေသည်။
"သား ရှင်းသုမောင်ကို စောင့်နေတာ"
ချက်ချင်းဆိုသလို ကျောင်းရှေ့ကို
ရောက်လာတဲ့ ဆိုင်ကယ်မိုးပြာရောင်က
လင်းစေရဲ့ ခန္ဓာကိုယ်ကို
မတ်တပ် ထ,ရပ်စေခဲ့သည်။
ဆိုင်ကယ်ပေါ်ကနေ ဆင်းလာတဲ့ ရှင်းသုမောင်ကလည်း
လင်းစေဆီကိုပဲ တန်းတန်းမတ်မတ်ပြေးလာကာ
အကျယ်ကြီး အော်ခေါ်သည်။
"လင်းစေ..."
VOCÊ ESTÁ LENDO
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]
Romanceအသွင်မတူကောင်လေးနှစ်ယောက်ရဲ့ ငယ်ဘဝမှ တစ်သက်တာသို့....🍃
![စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]](https://img.wattpad.com/cover/304305920-64-k535533.jpg)