☔ 1

1.5K 72 12
                                    

စတင်လွဲမှားခြင်း


"ပါး သွားကြမယ်လေ လေယာဉ်နောက်ကျတော့မယ်"

15နှစ်အရွယ်ကောင်လေးဝမ်ရိပေါ်ရဲ့အသံကစံအိမ်တစ်အိမ်လုံးမှာပျံ့လွင့်နေတယ်။ ဒီအသံလေးကအိမ်ရဲ့ဆည်းလည်းလေး...။

"လာပြီဗျာ လာပြီ ပါးတို့သွားကြစို့"

အောက်ထပ်ကိုခရီးဆောင်အိတ်ဆွဲရင်းဆင်းလာတဲ့ဝမ်ပါပါးရဲ့အသက်ကဝမ်ရိပေါ်ဖြစ်တယ်။ အမေမရှိတော့တဲ့ဝမ်ရိပေါ်ကိုဝမ်ပါးကဘယ်လောက်အလိုလိုက်သလဲဆိုတာဘယ်သူ့ကိုမှအထူးတလည်မေးကြည့်နေဖို့မလိုတဲ့အထိပါပဲ။

ဝမ်ပါးပါးသွားရမယ့်ခရီးကချုံချင်းဆိုတဲ့တောင်တွေပေါတဲ့မြို့လေးကိုပေါ့။ အရေးကိစ္စကြောင့်သွားရမှာဆိုပေမယ့် သားတော်မောင်ကလိုက်ချင်ပါတယ်ဆိုတော့ ဝမ်ပါးပါးကအသဲမာပြီးမထားခဲ့နိုင်ပြန်ဘူး။

လေယာဉ်ပေါ်ကနေဆင်းတာနဲ့ရိပေါ်လေကိုတဝရှူရှိုက်လိုက်တယ်။ တောင်ပေါ်ဒေသရဲ့လေထုကချိုမြိန်ပြီးလတ်ဆတ်တယ်။

"ပါး အလုပ်ကိစ္စကြောင့်လာတာဆိုဘယ်နှစ်ရက်လောက်နေမှာလဲ"

"ခဏလောက်ပဲပေါ့ဝမ်လေးရဲ့ ပြီးရင်တော့ပါးတို့ပြန်ရမှာပေါ့"

"ချုံချင်းမှာအသိရှိလား ပါး"

"ရှိတယ် သူငယ်ချင်းတစ်ယောက်ရှိတယ် အခုသူ့ဆီကိုလာတာသားရဲ့ လာ...သားရောက်ရင်သိလိမ့်မယ် သွားရအောင်"

ရှေ့ကိုတဖြည်းဖြည်းချင်းဆီလျှောက်လာခဲ့ရင်း လေတစ်ဖြူးဖြူးတိုက်နေတဲ့ကုန်းမြင့်ရဲ့ထိပ်ပိုင်းကတစ်ထပ်တိုက်လေးဆီရောက်လာခဲ့တယ်။

"ပါး ဒါကဘယ်နေရာလဲ"

"ဒါက...ပါးသူငယ်ချင်းရဲ့အိမ်"

ဝမ်ရိပေါ်ရဲ့ပါးကစောစောစီးစီးအိမ်ထောင်ကျခဲ့တာ။အခုရိပေါ်ရဲ့အသက်15နှစ်မှာ ဝမ်ပါးရဲ့အသက်က33နှစ်ပဲရှိပါသေးတယ်။

"ရှောင်းကျန့်!!"

ဝမ်ပါးပါးလှမ်းခေါ်တဲ့ဆီကို15နှစ်သားကောင်လေးဝမ်ရိပေါ်ကလှမ်းကြည့်လိုက်တယ်။ ရိပေါ်ရှေ့မှာမြင်နေရတဲ့လူကအဖြူရောင်တီရှပ်ပေါ်မှာပြာနုရောင်လက်တိုကိုကြယ်သီးမတပ်ပဲထပ်ဝတ်ထားတယ်။ပေါ့ပေါ့ပါးပါးဘောင်းဘီအရှည်ပွပွလေးနဲ့....။
ပန်းချီကားချပ်ကိုစူးစူးစိုက်စိုက်သေချာကြည့်နေတဲ့မျက်လုံးတွေကလှလိုက်တာ။ ဆေးစုတ်တံကိုကိုင်ထားတဲ့လက်တွေကငြိမ်နေတာပဲ...။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Where stories live. Discover now