☔ 19

527 59 16
                                    

နာရီသံကတစ်ချက်ချက်မြည်နေတယ်။အနည်းငယ်မူးဝေနေတဲ့ခံစားချက်နဲ့အတူရိပေါ်စားပွဲပေါ်ကနာရီကိုကြည့်မိတော့မနက်5နာရီခွဲ။

အခုခံစားနေရတာတွေအရဆိုရင်ညကသူအတော်လေးဖျားခဲ့ပုံပေါ်တယ်။ပြီးတော့သူဝတ်ထားတဲ့အဝတ်အစားတွေကလည်းပြောင်းနေတယ်။တစ်ယောက်ယောက်ကသူ့ကိုရေပတ်တိုက်ပေးပြီးအဝတ်အစားလဲပေးသွားတယ်ဆိုတာအသေအချာပဲ။အဲ့ဒီလူက ရှောင်းကျန့်ဆိုတဲ့လူများဖြစ်နေမလား။

ရိပေါ်ကချက်ချင်းသွားမယ်ဆိုပြီးနိုင်ငံခြားသွားဖို့ကိစ္စကိုအလောတကြီးစီစဉ်ခဲ့တာမို့ဒီနေ့မနက်9နာရီဆိုရင်သူလေယာဉ်ကွင်းကိုရောက်အောင်သွားရမှာ။
ရိပေါ်အချိန်တွေသိပ်မဆွဲချင်တော့ဘူး။မြန်မြန်သွားမယ် ပြီးရင်မြန်မြန်ပြန်လာချင်တယ်။

ခရီးဆောင်အိတ်လေးထဲကိုအဝတ်အစားတွေထည့်ဖို့လုပ်တော့စိတ်ကအလိုအလျောက်လူတစ်ယောက်ကိုသတိရမိပြန်တယ်။
ရှောင်းကျန့်ကမနက်စာရောစားရဲ့လား။

ခြေထောက်တွေကသူ့ရဲ့အတွေးတွေအတိုင်းအဲ့ဒီလူရဲ့အခန်းတံခါးရှေ့မှာခြေစုံရပ်နေမိပြီ။သူတံခါးဖွင့်ဝင်သွားတဲ့အခါသူ့ကိုအံ့ဩသလိုကြည့်နေမလား။ဒါမှမဟုတ်မျက်ခုံးတွေပဲကျုံ့ကြည့်နေမလား။'ရိပေါ်'လို့ထပ်ခေါ်ဦးမလား။မလိုလားသလိုမျိုးနှင်ထုတ်ဦးမလား။ဘာပဲဖြစ်ဖြစ်သူ့အတွက်အဲ့ဒီလူဆီမှာခံစားချက်တစ်ခုခုတော့ရှိနေမှာပါပဲ။

"ရှောင်းကျန့်! ကျွန်တော်အခု...!"

ဝမ်ရိပေါ်ရဲ့ပြောလက်စစကားတွေကလည်ချောင်းဝမှာတင်ရပ်တန့်သွားခဲ့တယ်။အခန်းတစ်ခုလုံးကရှင်းလင်းနေပြီးတွန့်ကြေနေတဲ့အိပ်ယာပေါ်မှာလည်းရှောင်းကျန့်ကရှိမနေခဲ့ဘူး။ရေချိုးခန်းထဲမှာရှိလို့ရှိငြားရိပေါ်တံခါးလက်ကိုင်ကိုလှည့်ကြည့်ပေမယ့်လော့တောင်မချထားတဲ့အခန်းတံခါးကလည်းရှောင်းကျန့်ရှိမနေဘူးဆိုတဲ့သက်သေပါပဲ။

အသေအချာပါပဲ။ဒီနေ့ ဒီလူကရုံးကိုအစောကြီးသွားတယ်ဆိုတာ။ရှောင်းကျန့်ဆိုတဲ့လူကသူ့ကိုများအဲ့လောက်တောင်မျက်နှာချင်းမဆိုင်ချင်ဘူးတဲ့လား။ကိစ္စမရှိပါဘူး။သူကလည်း...သူကလည်းအဲ့ဒီလူကိုတွေ့ချင်နေတာမှမဟုတ်တာ။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Donde viven las historias. Descúbrelo ahora