☔ 33

398 32 5
                                    

ရှောင်းကျန့်ရဲ့ကိုယ်လေးကလုံးလုံးလျားလျားပွေ့ချီခံလိုက်ရပြီးတဲ့နောက်မှာဝမ်ရိပေါ်ကယွီလော့မင်ရဲ့အိပ်ယာပေါ်ကိုပစ်ချလိုက်တယ်။ရှောင်းကျန့်ကိုအပေါ်ကနေဖိထားတဲ့ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့လက်ကောက်ဝတ်နှစ်ဖက်ကိုဆွဲလိုက်ရင်းရှောင်းကျန့်ရဲ့ကိုယ်ကိုမှောက်ခုံဆွဲလှည့်လိုက်တယ်။လက်ကောက်ဝတ်နှစ်ဖက်ကိုရှောင်းကျန့်ရဲ့ခါးနောက်မှာတစ်ဖက်တည်းနဲ့ဖိချုပ်ထားရင်းကျန်တဲ့လက်တစ်ဖက်ကရှောင်းကျန့်ကိုခေါင်းကနေမွေ့ယာထဲကိုနစ်နေအောင်ဖိထားတယ်။

"ဝမ်ရိပေါ် ရပ်လိုက်! မင်းတစ်ကယ်ပဲရှောင်းကျန့်ရဲ့သိက္ခာကိုမကြည့်တော့ဘူးလား!"

"သူ့သိက္ခာကိုငါကဘာလို့ကြည့်ရမှာလဲ"

ပြောရင်းအောက်ကနေရုန်းကန်နေတဲ့ရှောင်းကျန့်ဆီကိုရိပေါ်တစ်ချက်ပြန်ကြည့်လိုက်တယ်။

"ဝမ်ရိပေါ်! ငါ့ဘဝတစ်လျှောက်လုံးမင်းကိုစောင့်ရှောက်လာတာဒီလိုဖြစ်ဖို့လား! ငါကကျားကိုမှအစာကျွေးပြီးမွေးမိသွားတာပဲ!"

"ဟုတ်တယ် ကျွန်တော့်ကိုဒီလိုဖြစ်လာအောင်ခင်ဗျားပဲသင်ပေးခဲ့တာ တရားခံကခင်ဗျားပဲရှောင်းကျန့် ခင်ဗျားလုပ်ခဲ့တာ"

"မင်းကတစ်ကယ်ကိုပဲ...ငါ့ကိုစိတ်နာအောင်လုပ်နေတာ"

ရိပေါ်ရဲ့နှုတ်ခမ်းတွေကရှောင်းကျန့်ရဲ့ဂုတ်ပိုးနဲ့လည်တိုင်တစ်လျှောက်ကိုခပ်ပြင်းပြင်းနမ်းရှုပ်လာတယ်။

"ဟုတ်တယ် ခင်ဗျားစိတ်နာတော့ရောဘာသောက်အရေးကြီးသလဲ အဓိကကကျွန်တော်ခင်ဗျားကိုရလိုက်တယ်လေ"

ရှောင်းကျန့်ရဲ့ရှပ်အကျီအဖြူလေးကဝမ်ရိပေါ်ရဲ့လက်ထဲမှာဆုပ်ဖြဲခံလိုက်ရတယ်။ရှောင်းကျန့်ကမျက်နှာကိုမွေ့ယာပေါ်ကိုလုံးလုံးလျားလျားမှောက်ချလိုက်တယ်။မွန်းပြီးသေရင်လည်းသေသွားပါစေတော့။သူကအခုချိန်မှာဘယ်မျက်နှာထားနဲ့မျက်နှာချင်းဆိုင်ပေးရတော့မှာတဲ့လဲ။အခြားတစ်ယောက်ရှေ့မှာသူကဒီလိုဖြစ်ပျက်နေတာဒါကသူ့သိက္ခာကိုလုံးလုံးစော်ကားလိုက်တာပဲမဟုတ်ဘူးလား။ယွီလော့မင်ကိုရော သူကဘယ်လိုပြန်ပြီးမျက်နှာပြရတော့မှာလဲ။ဒါကတစ်ကယ်ပဲ...ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်သလဲ။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Donde viven las historias. Descúbrelo ahora