☔ 11

627 56 3
                                    

ဘယ်သူကဒယ်ဒီလဲ ဘယ်သူကကလေးလေးလဲ


ရှောင်းကျန့်နိုးလာလာချင်းတွေ့လိုက်တာကသူသိပ်မရင်းနှီးတဲ့အခန်းအသွင်အပြင်တစ်ခုပဲဖြစ်ပြီးသူအိပ်ပျော်သွားတာအတော်ကြာသွားလိုက်တယ်လို့ခံစားနေရတယ်။ခေါင်းကရိုက်ထားသလိုနာနေတုန်းပဲဖြစ်ပေမယ့်အရင်ကထက်စာရင်တော်တော်သက်သာလာပါတယ်။ဘေးပတ်ပတ်လည်ကိုရှောင်းကျန့်တစ်ချက်ဝေ့ဝဲကြည့်လိုက်မှ ဒီအခန်းအပြင်အဆင်ကမရင်းနှီးပေမယ့်သူလုံးဝမသိတာတော့မဟုတ်ဘူးလေ။သေချာပေါက်ရိပေါ်ရဲ့အခန်းပဲပေါ့။သူကဒီကိုဘယ်လိုရောက်နေလဲမသိပေမယ့်သူအိပ်မပျော်သွားခင်ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ရှောင်းကျန့်ကကောင်းကောင်းမှတ်မိနေတယ်။ပြီးတော့အဲ့တုန်းကသူရောရိပေါ်ရော နှစ်ယောက်စလုံးကသူ့ရဲ့အခန်းထဲမှာပဲမဟုတ်လား။

ဖြည်းဖြည်းချင်းအားယူရင်းထလိုက်တော့ခေါင်းဆီကတဆစ်ဆစ်နာကျင်မှုကတိုးလာတဲ့အပြင် လူတစ်ကိုယ်လုံးကနုံးချိပြီးအားမရှိသလိုခံစားနေရတယ်။ဘေးကစားပွဲပေါ်မှာအကိုက်အခဲပျောက်ဆေးတစ်ချို့ရှိနေတာကြောင့်ရှောင်းကျန့်ခေါင်းကနာတဲ့ဒဏ်သက်သာလိုသက်သာညားသောက်ဖို့အတွက်ဆေးကိုအာခံတွင်းထဲမှာငုံထားရင်း ရေထည့်နေတုန်းဆဲဆဲမှာပဲ ဘေးနားမှာရိပေါ်ရဲ့ကျောင်းကreportကဒ်လေးကိုတွေ့လိုက်တယ်။
ရှောင်းကျန့်တစ်ချက်ကောက်ယူလိုက်ရင်း သူ့နဲ့နီးတဲ့နေရာမှာပြန်တင်ပြီးထည့်ထားတဲ့ရေခွက်ကိုလက်လှမ်းလိုက်တဲ့အချိန် -

"ခင်ဗျားဘာလုပ်တာလဲ!"

ရိပေါ်ရဲ့အသံဟာအခန်းထဲမှာဟိန်းထွက်လာခဲ့တယ်။ရိပေါ်ကတံခါးဝကနေသူ့အနားကိုခပ်သွက်သွက်လေးပြေးလာရင်းreportကဒ်ကိုသူ့ဘက်ကိုပြန်ဆွဲလိုက်တယ်။

"ကျွန်တော့်ပစ္စည်းတွေကခင်ဗျားစိတ်တိုင်းကျထိဖို့မဟုတ်ဘူး!"

"အာ...ဟုတ်ပါပြီ..လက်မှတ်ထိုးဖို့...လိုမလားလို့ပါ...တောင်းပန်ပါတယ်.."

ရှောင်းကျန့်ကမပီမသပြောပြီးရေခွက်ကိုပြန်ကောက်ကိုင်ဖို့လုပ်တော့ရိပေါ်ဆီကနေမထင်မှတ်ပဲခွက်ကိုပြန်ဆောင့်ဆွဲတာခံလိုက်ရပြီးခေါင်းကအတော်လေးနာသွားခဲ့တယ်။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Wo Geschichten leben. Entdecke jetzt