☔ 6

647 55 11
                                    

အထောက်အပံ့ဖြစ်ပေး

"ရိပေါ် အားနည်းနည်းထပ်စိုက်ပါဦးလား"

လေသံအေးအေးလေးနဲ့လူကသူ့ကိုအမိန့်ပေးနေမှန်းရိပေါ်ကရိပ်မိတယ်။ ရိပေါ်ရဲ့အတွေးထဲမှာရှောင်းကျန့်ကရရာနည်းလမ်းနဲ့သူ့ကိုချုပ်ကိုင်ချင်နေတဲ့သူပဲ။

"ခင်ဗျားလာလုပ်ကြည့်မလားဒယ်ဒီ"

ရိပေါ်ခါးထောက်ရင်းမေးလိုက်တော့ရှောင်းကျန့်ကသူ့ပုံစံလေးအတိုင်းပါးပါးလေးပြုံးပြီးရိပေါ်ကိုတိုးတိုးတိတ်တိတ်အသံလေးနဲ့ပဲစကားပြန်တယ်။

"အဲ့တာဒယ်ဒီ့အလုပ်မဟုတ်ဘူးလေ"

ရှောင်းကျန့်ရဲ့စကားကိုကြားတော့ရိပေါ်က'အဟက်'ဆိုတဲ့လေသံနဲ့ခနဲ့သလိုရယ်တယ်။

"ခင်ဗျားအလုပ်ကဒီအမွေတွေ ကျွန်တော့်ကိုလွှဲမပေးရပဲခင်ဗျားလက်ထဲမှာအချိန်ကြာကြာဆက်ရှိနေဖို့ပဲမလား"

"ရိပေါ် မင်းရဲ့စာချုပ်ပြည့်တဲ့အချိန်ငါကမလွှဲပေးဘူးဆိုရင်တော့မင်းဒီစကားကိုပြောလို့ရပါတယ် ဒါပေမယ့်အခုအချိန်မှာပြောတာကငါ့ကိုစော်ကားလွန်းတယ်မထင်ဘူးလား ပြီးတော့ ငါ့နေရာမှာတခြားတစ်ယောက်ဆို မင်းကိုတော်တော်စိတ်ဆိုးနေလောက်ပြီ"

အဲ့ဒီစကားတွေကိုပြောနေတဲ့အချိန်မှာလည်းရှောင်းကျန့်ကပုံမှန်လေးပြုံးနေခဲ့တာပါပဲ။ ရိပေါ်ကိုစိတ်အလိုမပါပဲတင်းကျပ်ရတဲ့အချိန်တွေကလွဲရင် ကျန်တဲ့အချိန်မှန်သမျှရှောင်းကျန့်ကလေသံမာတယ်ဆိုတာတောင်ရှိတာမဟုတ်ဘူး။

"ခင်ဗျားစိတ်ဆိုးရင်ရော ကျွန်တော်ကစောက်ဖက်လုပ်ပြီးချော့နေမယ်ထင်လို့လားဒယ်ဒီ"

"မထင်ပါဘူး မထင်ပါဘူး ရိပေါ်ကချော့တတ်မယ့်ပုံလည်းပေါ်မနေပါဘူး ပြီးတော့ငါကလည်းစိတ်ဆိုးမနေပါဘူး"

"ကျစ်! ရယ်နေပြန်ပြီ!"

"အာ...ဟုတ်ပြီ ဟုတ်ပြီ လေ့ကျင့်နေခဲ့တော့ မနှောက်ယှက်တော့ဘူးဟုတ်ပြီလား"

လက်လေးတစ်ခါခါနဲ့ပြောရင်း အိမ်ထဲကိုဝင်သွားတဲ့ရှောင်းကျန့်ကိုကြည့်ပြီးရိပေါ်ရဲ့နှုတ်ခမ်းတစ်ဖက်ကနတ်ဆိုးအပြုံးလေးလိုအပေါ်ကိုတွန့်ကွေးတက်သွားတယ်။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Donde viven las historias. Descúbrelo ahora