☔ 37

408 46 4
                                    

ရိပေါ်နဲ့ရှောင်းကျန့်ကြားမှာစကားမပြောဖြစ်တဲ့အချိန်တွေပိုများလာကြတယ်။မတွေ့ဖြစ်အောင်ရှောင်တဲ့အချိန်တွေကအရင်အတူတူရှိခဲ့တဲ့အချိန်တွေအစားဝင်လာခဲ့တယ်။

"ရှောင်းကျန့် ကျွန်တော်ခင်ဗျားကိုသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ် ခင်ဗျားလိုက်ခဲ့ချင်လား"

"ငါမလိုက်ချင်ဘူးရိပေါ်"

"ကောင်းပြီ အဲ့တာဆို...ကျွန်တော်အောက်ထပ်မှာပဲရှိနေမယ်"

အိမ်အောက်ထပ်ကိုဆင်းသွားတဲ့ရိပေါ်ရဲ့ကျောပြင်ကိုရှောင်းကျန့်အချိန်ခဏလောက်ကြည့်လိုက်မိတယ်။ဘာလို့မှန်းမသိ ဒီကျောပြင်ကအရမ်းဝမ်းနည်းစရာကောင်းတယ်။

"ရိပေါ်လာပြီလား"

ရိပေါ်အောက်ထပ်ကိုဆင်းလာတာနဲ့အယ်လီယာ့ကိုအရင်တွေ့ရတယ်။သူမရဲ့အသံစွာစွာကအရင်ဆုံးထွက်လာတော့တာပဲ။

"ဝမ်ရိပေါ် မင်းကိုမတွေ့ရတာဘယ်လောက်တောင်ရှိနေပြီလဲ! ငါတို့သာလာမတွေ့ရင်မင်းနဲ့တွေ့တောင်တွေ့ရပါဦးမလား"

"ဒီရက်ပိုင်းနည်းနည်းနေသိပ်မကောင်းလို့ငါမလာဖြစ်တာ"

"ရိပေါ်နေမကောင်းဘူးလား"

သူ့နဖူးကိုစမ်းဖို့လုပ်တဲ့အယ်လီယာရဲ့လက်ဖဝါးကြောင့်ရိပေါ်နောက်ကိုရှောင်လိုက်တယ်။

"သက်သာလာပါပြီ"

"ရိပေါ်! ဒီအိမ်အကြီးကြီးတစ်ခုလုံးမင်းတစ်ယောက်တည်းလား"

သူငယ်ချင်းတစ်ယောက်ရဲ့အမေးကိုရိပေါ်ဖြေလုဆဲဆဲမှာပဲအယ်လီယာကအရင်ဦးအောင်ဝင်ဖြေလိုက်တယ်။

"အိမ်အကူတွေရှိသေးတယ်လေ ပြီးတော့ငါလည်းအမြဲလာနေတာ"

"အဲ့တော့သူတစ်ယောက်တည်းနေတယ်ပဲပြောပါတော့"

"နင်တို့ကိုငါပြောပြမယ် တစ်ယောက်ရှိသေးတယ် ရိပေါ်ရဲ့သဘောကျတဲ့ပစ္စည်းလေးလေ"

"အယ်လီယာ!"

ရိပေါ်တစ်ချက်ဝင်ဟန့်လိုက်တယ်။ဒါပေမယ့်အယ်လီယာကဂရုစိုက်ပုံမပေါ်ပဲ ဘာမှမဟုတ်တဲ့ကိစ္စလေးပဲကိုဆိုတဲ့ပုံစံနဲ့ဆက်ပြောဖို့ပြင်တယ်။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Donde viven las historias. Descúbrelo ahora