☔ 9

631 59 19
                                    

ခြေတစ်လှမ်းနောက်ကျခြင်း

"လွှတ်! အင့်! ဖယ်...ဖယ်စမ်း! ခွပ်"

သူ့ကိုအတင်းလိုက်နမ်းဖို့ကြိုးစားနေတဲ့လူရဲ့မျက်နှာကိုတစ်ချက်အားကုန်ထိုးချလိုက်တယ်။
ရေခဲသေတ္တာရဲ့ဘေးကိုဆွဲသွားတဲ့လူကြောင့် အခုရှောင်းကျန့်ရဲ့နေရာကစင်တွေနဲ့ကွယ်မိပြီးလူမြင်ဖို့ခက်တဲ့နေရာမှာရောက်နေတယ်။

"အလှလေး လက်စကမသေးဘူးပဲ! အာ...သွေးထွက်သွားတာပဲ...အဟက်...အလှလေး...မင်းကိုယ့်ကိုအပြစ်မတင်ပါနဲ့!"

ဆူညံနေတဲ့သီချင်းသံတွေကအဲ့ဒီလူကိုအကူအညီပေးနေခဲ့သလားထင်ရအောင် အော်သမျှအသံတွေကအနားမှာတင်ပျောက်ကုန်ပြီးအဖတ်မတင်။ဒါကိုအခွင့်ကောင်းယူတတ်တဲ့အဲ့ဒီလူကသူ့ရဲ့ဆံပင်တွေကိုအပေါ်ကိုစုပြီးဆောင့်ဆွဲလိုက်ပြီး သူ့ရဲ့လက်နှစ်ဖက်ကိုလည်းပေါင်းချုပ်ထားလိုက်တယ်။ပြီးတာနဲ့အတင်းလိုက်နမ်းဖို့ကြိုးစားနေတဲ့လူကြောင့် ရှောင်းကျန့်ကသူ့ရဲ့ဆံပင်တွေကိုတမင်အနာခံပြီး အဲ့ဒီလူရဲ့မျက်နှာကိုခေါင်းနဲ့ ခွပ်ခနဲမြည်အောင် တိုက်ချလိုက်တယ်။နှာခေါင်းသွေးတွေကျလာတာကြောင့် စိတ်တိုသွားတဲ့လူက သတိကြီးလွန်းတယ်။တစ်ချက်ပဲယိုင်သွားပြီးတာနဲ့ ရှောင်းကျန့်ရဲ့ခေါင်းကိုဆံပင်ကနေပိုဆောင့်ဆွဲလိုက်ရင်းနောက်ကနံရံနဲ့ပစ်ရိုက်လိုက်တယ်။

"အ့! ဟာ့!"

"အလှလေး ကိုယ်ကမင်းကိုဒုက္ခမပေးချင်ပါဘူး မင်းသာလိမ္မာခဲ့မယ်ဆိုရင်ပေါ့..."

အဲ့ဒီလူကရှောင်းကျန့်မူးဝေသွားပြီးမလှုပ်နိုင်တော့တာကိုအခွင့်ကောင်းယူပြီး ရှောင်းကျန့်ရဲ့မျက်လုံးပေါ်ကနေလက်နဲ့ဖိပြီးခေါင်းကိုနောက်ကနံရံနဲ့ပိုတိုးဖိကပ်ထားလိုက်တယ်။ မျက်စိတွေကဖိအုပ်ထားတာခံရတဲ့အပြင် ခေါင်းကလည်းတိုက်မိတဲ့ဒဏ်ရော အခုအတင်းကာရောဖိထားတဲ့ဒဏ်ရောကြောင့် မျက်လုံးတွေကဝေဝါးရာကနေအမှောင်ပိတ်လာတယ်။ရုတ်တရက်သူ့ရဲ့နားဘေးကိုတခုခုလာပြောတဲ့အသံကိုသေချာကြားလိုက်ရတယ်။

"အလှလေး! ဒီကိစ္စကမင်းနဲ့ကိုယ်နှစ်ယောက်ပဲသိတာမလို့ အလှလေးသာနှုတ်လုံရင်အရှက်ရစရာမရှိပါဘူး ဒါပေမယ့် မဟုတ်ရင်တော့ တခြားယောကျ်ားလေးတစ်ယောက်ဆီကနေဒီလိုအဖြစ်မျိုးဖြစ်လာတဲ့မင်းကိုဘယ်သူမှလက်ခံချင်မှာမဟုတ်တော့ဘူးနော် အာ....အလှလေးကိုသတိထားစေချင်တာရှိသေးတယ်...
အလှလေးကတစ်ကယ်လှလွန်းတယ် အလှလေးမွေးစားထားတဲ့ရိပေါ်ဆိုတဲ့ကောင်လေးကတောင်မင်းအပေါ်ရိုးသားလိမ့်မယ်လို့ကိုယ်တော့မထင်ဘူး အဟက်"

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Where stories live. Discover now