☔ 15

575 54 3
                                    

ပထမချောက်ကမ်းပါးစွန်း


အချိန်တွေကစီးနေတဲ့ရေလိုပဲတစ်ခဏအတွင်းမှာခပ်မြန်မြန်ကုန်ဆုံးလာခဲ့တယ်။ရိပေါ်နဲ့ရှောင်းကျန့်ကတော့ 'ရန်ဖြစ်လိုက် ရန်ဖြစ်လိုက်' အခြေအနေပါပဲ။သူတို့မှာပြန်ချစ်စရာအကြောင်းမရှိဘူး။

နောက်လဆိုရင်ပဲရိပေါ်က22နှစ်ပြည့်တော့မယ်။တစ်မုဟုတ်ချင်းအရွယ်ရောက်လာတဲ့ကောင်လေးကရှောင်းကျန့်ရဲ့အရပ်ကိုမှီဖို့နည်းနည်းပဲလိုတော့တာဖြစ်ပြီးခန္ဓာကိုယ်ကလည်းသိသိသာသာကိုဖွံ့ဖြိုးလာခဲ့တယ်။

22နှစ်။

သေတမ်းစာမှာပါတဲ့အတိုင်းဆိုရင်22နှစ်ပြည့်တာနဲ့ရိပေါ်ကိုဒီပိုင်ဆိုင်မှုတွေအကုန်လွှဲပြောင်းပေးပြီးတာနဲ့ သူဒီနေရာကနေထွက်သွားလို့ရပြီ။အရင်ကအိမ်ကိုပြန်ပြီးတာနဲ့ ပန်းချီတွေပြန်ဆွဲမယ်၊ စာအုပ်တွေဖတ်ရင်းအခြေပြန်ချမယ်။သူ့ရဲ့ဘဝကိုပြန်ပြီးအေးချမ်းဖို့တစ်လှည့်ပြန်ပေးခဲ့ပြီ။

အဆက်မပြတ်မြည်နေတဲ့ဖုန်းသံကြောင့်ရှောင်းကျန့်ကအတွေးထဲကနေရုန်းထွက်လိုက်ရင်းဖုန်းကိုလက်ခံဖြေဆိုလိုက်တဲ့အချိန်မှာပဲတစ်ဖက်ကပြာယာခတ်နေတဲ့အသံတစ်သံထွက်လာခဲ့တယ်။

"ရှောင်းလောင်ရှစ် မကောင်းတော့ဘူး!"

"ဘာကိုလဲ! ဘာဖြစ်တာလဲ!"

"အခုကုမ္ပဏီမှာအာဏာအလွဲသုံးစားလုပ်မှုတွေ ငွေကြေးမလုံလောက်မှုတွေဖြစ်နေတယ်"

"ငွေကြေးမလုံလောက်မှုဖြစ်ရအောင်..ရင်းနှီးငွေထုတ်ပေးဖို့အတွက် ကုမ္ပဏီမှာလူယုံရှိတယ်မဟုတ်လား"

"ဟုတ်တယ် အခုအဲ့ဒီလူယုံကပဲငွေလိမ်ပြေးသွားတာ အရင်သူဌေးလည်းဆုံးသွားတာနှစ်အတော်ကြာပြီလေ ကုမ္ပဏီကလည်းအရင်လိုအရမ်းကောင်းတဲ့အခြေအနေမဟုတ်တော့ နောက်ရေရှည်အတွက်စဉ်းစားပြီးပိုက်ဆံတွေလိမ်ပြေးသွားတာပဲ"

"ငါလာခဲ့မယ်...ဒီကိစ္စရိပေါ်ကိုပေးမသိပါနဲ့"

"ကောင်းပါပြီ သခင်လေးမသိစေရပါဘူး"

ရိပေါ်ရဲ့ပါးဆုံးပြီးကတည်းကရှောင်းကျန့်ကရိပေါ်ကိုနည်းလမ်းတကျထိန်းသိမ်းစောင့်ရှောက်ခဲ့တာမှန်ပေမယ့် ကုမ္ပဏီကိုတော့မဟုတ်ဘူး။ရိပေါ်ကိုကုမ္ပဏီရဲ့အလုပ်တွေမှာဝင်ရောက်ပတ်သတ်ခြင်းမရှိဘူး၊ အမွေတွေကိုခဏထိန်းသိမ်းပေးရုံပဲလို့ကတိပေးခဲ့တာဖြစ်တာကြောင့် ရှောင်းကျန့်ကတစ်ကယ်ပဲကုမ္ပဏီရဲ့ကိစ္စအများစုကိုအရင်ရှိပြီးသားလူယုံတွေနဲ့ပဲလွှဲထားခဲ့တယ်။သူကလက်မှတ်ထိုးပေးဖို့အတွက်စာရင်းစစ်တာကလွဲရင် ရင်းနှီးမြုပ်နှံတာ တစ်ခြားကုမ္ပဏီတွေနဲ့ဆက်သွယ်ပူးပေါင်းတာတွေ ပြဿနာဖြစ်လာစေနိုင်တဲ့အရင်းအနှီးကြီးမားလွန်းတဲ့အရာတွေ ဘာတစ်ခုမှဝင်မလုပ်ခဲ့ဘူး။အဓိကက သူပိုင်ဆိုင်တဲ့ငွေတွေမဟုတ်တာကြောင့်အရမ်းကာရောဝင်ရောက်စွက်ဖက်ခြင်းမလုပ်ခဲ့တာပဲ။ဒါပေမယ့် ပြဿနာဟာသူ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့လေပြီ။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Hikayelerin yaşadığı yer. Şimdi keşfedin