☔ 21

564 68 9
                                    

"ဘာလို့ဖုန်းမချရမှာလဲ"

ရှောင်းကျန့်ရဲ့အမေးကိုဂျစ်ကန်ကန်ကောင်လေးရိပေါ်ကအရွဲ့တိုက်ပြန်ဖြေတယ်။

"ခင်ဗျားကိုအနှောက်အယှက်ပေးမလို့လေ"

ရှောင်းကျန့်စားပွဲပေါ်မှာဖုန်းကိုတင်ထားလိုက်ရင်းစာရွက်စာတမ်းတွေဆီကိုနောက်တစ်ကြိမ်စိတ်နှစ်လိုက်တယ်။တစ်ဖက်ကရိပေါ်ကတစ်ကယ်တမ်းတော့ငြိမ်ငြိမ်လေးနေပေးခဲ့တာပါပဲ။သူ့ကိုဘာအနှောက်အယှက်မှပေးမလာခဲ့ပါဘူး။

ဖုန်းရဲ့speakerကနေတစ်ဆင့်ထွက်ပေါ်နေတဲ့အသက်ရှုသံလေးကိုရိပေါ်အသေအချာနားထောင်နေလိုက်တယ်။ဒါကသူမကြားရတာကြာပြီဖြစ်တဲ့ရှောင်းကျန့်ဆိုတဲ့လူရဲ့အသက်ရှူသံလေး။စာရွက်လှန်နေတဲ့အသံတွေကိုလည်းဖုန်းထဲကနေအတိုင်းသားကြားနေရတယ်။သူ့ကိုရှိတယ်လို့တောင်သဘောမထားပဲအလုပ်တွေကိုပဲဂရုစိုက်လုပ်နေပြန်တော့လည်းရိပေါ်ကစိတ်ဆိုးလာပြန်ရော။

"ရှောင်းကျန့်!"

"အင်း ရိပေါ်"

"ကျွန်တော်ရှိတာရောခင်ဗျားသိသေးရဲ့လား"

"ရိပေါ်ဘာကိုပြောချင်တာလဲ တစ်ခုခုများစိတ်ဆိုးနေတာလား"

"ဘာမှမဟုတ်တော့ဘူး! ကျွန်တော်ရှိသေးတယ်ဆိုတာလည်းသိထားဦးလို့ပြောတာ ခင်ဗျားကြိုးစားလုပ်နေလည်းအဲ့တာတွေကခင်ဗျားမပိုင်ဘူး"

"ငါသိပါတယ် ငါလည်းဒါတွေကိုမလိုချင်ပါဘူးလို့မင်းကိုအကြိမ်ကြိမ်ပြောပြီးသားပဲ"

ရှောင်းကျန့်ရဲ့ပြန်ဖြေသံအဆုံးဖုန်းတစ်ဖက်ကကောင်လေးကဟက်ခနဲတစ်ချက်ရယ်တယ်။အသံလေးကဩရှရှဖြစ်လာပြီးအသံနဲ့တင်အရှိန်အဝါတစ်ခုခုနဲ့အုပ်မိုးထားသလိုခံစားရလောက်အောက်နားထောင်လို့ကောင်းတာမျိုးပါပဲ။

"ခင်ဗျား ညစာဘာစားပြီးပြီလဲ"

"အမ်...ဟို...ငါ..."

"သွားစားတော့!"

"ငါ....ငါစားပြီးပါပြီ"

ရှောင်းကျန့်ရဲ့တစ်ဖက်ကပြန်ဖြေသံကိုကြားတော့ရိပေါ်ကထပ်ရယ်တယ်။သူမရယ်ဖြစ်တော့တာကြာပြီဖြစ်ပေမယ့်ဒီနေ့ကတော့အကြိမ်ရေတော်တော်များများသဘောတကျရယ်ဖြစ်ခဲ့တာပါပဲ။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Onde histórias criam vida. Descubra agora