☔ 20

567 70 11
                                    

နော်ဝေးနိုင်ငံရဲ့ရာသီဥတုကအတော်လေးအေးနေပြီ။ တရုတ်မှာရောဒီအချိန်နှင်းကျနေလောက်ပြီလား။

ရိပေါ်ကော်ဖီတစ်ခွက်ကိုလက်ကကိုင်ရင်းနှင်းတွေထဲကိုတိုးထွက်လိုက်တယ်။ထင်းရှူးပင်တွေပေါ်မှာတောင်နှင်းတွေတင်နေတဲ့အထိရာသီဥတုကဆောင်းရောက်တဲ့အကြောင်းဖော်ပြနေပြီ။နှင်းတွေထဲကိုခြေထောက်နစ်ဝင်သွားတဲ့အထိလမ်းတစ်ခါလျှောက်တိုင်းနှင်းတွေရဲ့ထူထဲသိပ်သည်းမှုကိုနော်ဝေးမှာစတင်ခံစားနေရပြီ။တရုတ်မှာရောဒီအချိန်ဆိုအရမ်းအေးနေလောက်ပြီလား။

"ဟယ်လို!"

"ကျွန်တော်တစ်ခုလောက်မေးချင်လို့!"

တစ်ဖက်ကလူရဲ့စကားသံအဆုံးမှာရိပေါ်ကသူ့မေးခွန်းကိုနောက်တစ်ကြိမ်ပြန်စဉ်းစားလိုက်တယ်။ဒီမေးခွန်းကို သူမေးသင့်ရဲ့လားဆိုတာသူမသိဘူး။

"အဟမ်း! ထွေထွေထူးထူးမဟုတ်ပါဘူး အရေးလည်းမကြီးပါဘူး"

"ဟိုလူ! ဟိုလူနေကောင်းရဲ့လား!"

သူ့ရဲ့အမေးကိုတစ်ဖက်ကနားမလည်သလို'ဘယ်သူ့ကိုပြောတာလဲသခင်လေး'ဆိုတဲ့အမေးစကားကြောင့်ရိပေါ်မျက်ရိုးတွေကိုလက်မနဲ့ဖိထားရလောက်အောင်ခေါင်းမူးသွားရတယ်။

ဟိုလူဆိုမှတော့ဟိုလူပဲပေါ့!
သူ့မှာအဲ့ဒီတစ်ယောက်ကလွဲရင်တခြားသူရှိလို့လား။

"ရှောင်း...ရှောင်းကျန့် သူ...အိမ်မှာရှိလား"

"ဘာမှမဟုတ်တော့ဘူး ဘာမှမပြောနဲ့တော့ ထားလိုက် မမေးခဲ့ဘူးလို့ထားလိုက်!"

ဖုန်းကျသွားတဲ့အသံနဲ့အတူရိပေါ်ကအာခံတွင်းထဲကအငွေ့တွေကိုအပြင်ဘက်ကိုမှုတ်ထုတ်လိုက်တယ်။
နောက်ထပ်တစ်လပါပဲ။ ဒါပြီးရင်သူအဲ့ဒီလူကိုထပ်တွေ့ရတော့မှာ။ သူမကျေနပ်တဲ့လူမလို့မေ့မသွားချင်ရုံပါပဲ။

ညဘက်ရောက်လာတာနဲ့အမျှအအေးဓာတ်ကပိုပြီးသိပ်သည်းလာခဲ့သလို ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်လာခဲ့တယ်။စကားတစ်ခွန်းရှိတယ်။
'ပတ်ဝန်းကျင်ကတိတ်ဆိတ်လေလေ အတွေးသံကပိုကျယ်လေလေ' တဲ့။ရိပေါ်ရဲ့အတွေးတွေကအဲ့ဒီညမှာဆူညံနေခဲ့တယ်။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Donde viven las historias. Descúbrelo ahora