☔ 40

203 28 2
                                    

"ငါက...မင်းကိုဘာလို့ထပ်ယုံကြည်ပေးရမှာလဲရိပေါ်"

ရိုက်ချက်ပြင်းပြင်းတစ်ခုကရှောင်းကျန်ဆီကလာတယ်။ဒီစကားကရိပေါ်ကိုပြိုလဲကျစေဖို့လုံလောက်ခဲ့တာပါပဲ။

"ပေါင်ပေါင်း..."

"ငါလည်းမင်းကိုမယုံတော့ဘူးရိပေါ် အခုငါ့တုန်းကလိုခံစားချက်ကိုမင်းခံစားကြည့်လိုက်"

"ကောင်းပြီ ကျွန်တော်စောင့်မယ် ခင်ဗျားကျွန်တော့်ကိုပြန်ယုံကြည်လာမယ့်အချိန်ထိ ကျွန်တော်ခင်ဗျားကိုစောင့်မယ်"

ပြောပြီးတာနဲ့ရိပေါ်ကအခန်းထဲကနေအမြန်ထွက်သွားသလို ရှောင်းကျန့်ကလည်းနောက်ကနေကြည့်နေဖို့စိတ်ကူးမရှိခဲ့ဘူး။မျက်နှာချင်းမဆိုင်ချင်တော့တဲ့နောက်မှာလူနှစ်ယောက်ကကျောချင်းကပ်မိလာတော့တာပဲ။ပြီးရင်ကိုယ့်လမ်းကိုယ်လျှောက်ဖြစ်ကြတော့မှာ။
.
.
.
.
.
.
.
.
ညနေစောင်းကတည်းကအခန်းထဲကထွက်သွားတဲ့ရိပေါ်ကည11နာရီအရောက်မှာအခန်းထဲကိုပြန်ဝင်လာခဲ့တယ်။

ဝရံတာမှာထွက်ရပ်နေတဲ့ရှောင်းကျန့်ရဲ့နောက်ကနေတစ်ယောက်ယောက်ထွေးပွေ့လိုက်တာကိုခံစားရတယ်။

"ဝမ်ရိပေါ်!"

"ပေါင်ပေါင်း..."

လေးပင်နေတဲ့အသံတွေနဲ့အတူ ခေါင်းကရှောင်းကျန့်ရဲ့ပုခုံးပေါ်ကိုငိုက်စိုက်ကျနေတယ်။
မျက်ခမ်းစပ်တွေရဲပြီးရီဝေနေတဲ့မျက်လုံးတွေကမျက်ရည်တွေနဲ့ပြည့်နေတယ်။

"မင်းသောက်လာပြန်ပြီလား"

"ပေါင်ပေါင်း...ခင်ဗျားအရမ်းဆိုးတာပဲ"

"....."

"ကျွန်တော်အခု...တအားနာကျင်နေတယ်...
ဘယ်လိုလုပ်ရမလဲပေါင်ပေါင်း...နာလွန်းလို့ကျွန်တော်အသက်တောင်မရှင်ချင်တော့ဘူး ကျွန်တော်ဘာလုပ်သင့်လဲ"

ရှောင်းကျန့်ရိပေါ်ဆီကနေရုန်းထွက်လိုက်ပြီး ရေချိုးခန်းထဲဝင်ပြီးတာနဲ့တံခါးကိုလော့ချထားလိုက်တယ်။ဒါပေမယ့် အပြင်ဘက်ကရိပေါ်ကရေချိုးခန်းတံခါးကိုခေါက်မလာသလိုဘာစကားသံမှလည်းထပ်ထွက်မလာခဲ့ဘူး။
ရှောင်းကျန့်ကအချိန်ခဏကြာတဲ့အထိရေချိုးခန်းထဲမှာပဲထိုင်နေဖြစ်ခဲ့တယ်။သူအပြင်ကိုပြန်ထွက်လာတဲ့အချိန်မှာဝမ်ရိပေါ်ကခေါင်းအုံးလေးတစ်လုံးတည်းနဲ့ကုတင်ဘေးကကြမ်းပြင်ပေါ်မှာအိပ်ပျော်နေခဲ့ပြီ။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Donde viven las historias. Descúbrelo ahora