☔ 3

692 65 4
                                    

အနာဂါတ်ကိုခလုတ်တိုက်မိပြီ


"ခင်ဗျားရဲ့စိတ်တွေကပုံမှန်မဟုတ်တော့တာလားရှောင်းကျန့်"

ရိပေါ်ကိုသူ့ရဲ့ပါးကလွဲပြီးဘယ်သူမှစောင့်ရှောက်ဖို့မလိုဘူး။ သူကဘယ်သူ့အကူအညီမှမလိုဘူး ပါးရဲ့နေရာကိုဝင်ယူပြီးနေရာလုဖို့ကြိုးစားနေတယ်ဆိုရင်လည်းရိပေါ်ကအသိအမှတ်ပြုမှာမဟုတ်ဘူး။ ရှောင်းကျန့်နဲ့လည်းသားအဖတွေဖြစ်မလာချင်ပါဘူး။

"ရိပေါ်...ငါ့ကိုအသိအမှတ်မပြုဘူးဆိုတာသိပါတယ်"

"အဲ့တာဆိုခင်ဗျားဘာတွေမျှော်လင့်နေသေးတာလဲ!"

"ငါမျှော်လင့်တာက ဆုံးသွားတဲ့မင်းရဲ့ပါးရဲ့နောက်ဆုံးဆန္ဒအတိုင်းမင်းကိုစောင့်ရှောက်ပေးဖို့ပါပဲ"

"ကျုပ်ကိုအကျပ်မကိုင်နဲ့ရှောင်းကျန့်!"

"ဟင့်အင်း ငါမလုပ်ပါဘူး ဒါကရိပေါ်ရဲ့ရွေးချယ်မှုပါ ဒါပေမယ့်ရိပေါ်အနေနဲ့ နောက်ဆုံးဆန္ဒလေးတစ်ခုကိုတော့ဖြည့်ဆည်းပေးသင့်တယ်လို့ထင်လို့ပါပဲ"

ရှောင်းကျန့်ရဲ့မျက်နှာကပြုံးပြုံးလေး။ မျက်နှာလေးကပြုံးနေသလောက်စကားလုံးတွေကပြင်းထန်လွန်းတယ်။ ရိပေါ်ကိုတိုက်ရိုက်ရော မသိမသာသွယ်ဝိုက်ခြင်းနဲ့ရော ထိုးနှက်နေတာ။
ဘယ်လိုစကားလုံးတွေကရိပေါ်ကိုချုပ်ကိုင်နိုင်မလဲဆိုတာဒီလူကကောင်းကောင်းသိတယ်။

"ကျစ်! ခင်ဗျား...."

"ရိပေါ်ကိုအတင်းအကျပ်ဖိအားမပေးပါဘူး ရိပေါ်ရဲ့သဘောပါပဲ"

ဖိအားမပေးဘူးလို့ဆိုပြီး ခေါင်းပေါ်ကိုအတင်းအကျပ်အတွေးအခေါ်တွေပစ်ချနေတာ။ ဒီလူကရိပေါ်ထင်သလိုအမြဲချိုမြိန်နေတဲ့လူတော့ဟုတ်ပုံမရဘူး။

"ကောင်းပြီ! လက်ခံတယ်!"

ရိပေါ်ကဆိုးချင်ယောင်နေတာပါ။ ရှောင်းကျန့်ကပဲနားလည်ပေးရမှာပေါ့။ ဒီကလေးကဒီလောက်လဲတစ်ဖက်သတ်တစ်ဇွတ်ထိုးဆန်တဲ့သူဟုတ်မနေပါဘူး။

"အင်း..အဲ့တာဆို စောစောအနားယူလိုက်ပါဦး"

ထွက်သွားတဲ့ရှောင်းကျန့်ရဲ့ကျောပြင်ကိုရိပေါ်ကအိပ်ယာထဲကနေစိုက်ကြည့်တယ်။ 'အုပ်ထိန်းသူ'ဆိုတဲ့စကားလုံးနဲ့ထိန်းချုပ်ခံရမှာသူမလိုချင်ဘူး ရိပေါ်ကmy life my choiceဆိုတဲ့လူမျိုး...။
တစ်ခြားတစ်ယောက်ကချုပ်ခြယ်ကန့်သတ်မယ့်စည်းဘောင်မှာမနေနိုင်ဘူး။ အဲ့တော့ သူကစည်းကမ်းတွေကိုလည်းတစ်ခုချင်းဖောက်ဖျက်ပြရတာပေါ့။ သူဆိုးပြရင်ရှောင်းကျန့်ကဘယ်လောက်သည်းခံနိုင်မလဲကြည့်မယ်။
.
.
.
.
.
.
.
တွေ့ဆုံခြင်းလှလှလေးရယ်ချိုမြိန်လှတဲ့ဇာတ်လမ်းအစလေးရယ် အထစ်အငေါ့တွေနဲ့လျှောက်ရမယ့်လမ်းရယ် ခလုတ်တစ်ခါတိုက်တာနဲ့ဒီနေရာမှာတင်ရပ်ပြီပဲ
.
.
.
.
.
.
.
.
.
တစ်ပတ်ခန့်ကြာပြီးသကာလ...

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Onde histórias criam vida. Descubra agora