☔ 39

633 44 7
                                    

"ရှောင်းကျန့် မင်းတစ်ခုခုစားဦးလေ"

"ငါမစားတော့ဘူး သိပ်နေမကောင်းလို့"

"အဲ့တာဆိုမင်းနေခဲ့ဦး ငါဆေးသွားဝယ်လိုက်ဦးမယ်"

"ရတယ် ငါ့ဘာသာပဲသွားလိုက်မယ်"

ဆေးဆိုင်ကိုသွားဖို့အတွက်ရှောင်းကျန့်ဆိုဖာပေါ်ကနေထလာလိုက်ရင်းတိုက်ခန်းရဲ့တံခါးကိုဖွင့်လိုက်တယ်။

"ပေါင်ပေါင်း..."

ရိပေါ်ကတံခါးရဲ့ဘေးမှာဒူးထောင်ပြီးထိုင်ရက်သားအတိုင်းသူ့ဆီကိုမော့ကြည့်နေတယ်။အခုမှရေစိုထဲနစ်လာတဲ့ခွေးပေါက်လေးတစ်ကောင်နဲ့တောင်ဆင်တူတယ်။

"ခဏနေပါဦး!"

အိမ်ထဲကိုပြန်ဝင်တော့မယ့်ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကိုရိပေါ်ဖမ်းဆွဲလိုက်တယ်။

"ငါ့ကိုပြန်လာခေါ်တာဆိုရင်ငါလိုက်မှာမဟုတ်ဘူးရိပေါ်"

"ခင်ဗျားဘာလို့မပြောခဲ့တာလဲ"

"မင်း...ဘာကိုပြောတာလဲ ငါ့မှာမင်းကိုဘာမှပြောစရာမရှိဘူး"

"ကျွန်တော့်ကိုချစ်ခဲ့ရဲ့သားနဲ့ ခင်ဗျားဘာလို့အမြဲလိမ်နေခဲ့တာလဲရှောင်းကျန့်"

"ဝမ်ရိပေါ်! မင်း...မရူးစမ်းနဲ့!"

"ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတာပဲပေါင်ပေါင်း ကျွန်တော်တို့ပြန်အဆင်ပြေသင့်ပြီမဟုတ်လား"

"ဘယ်တော့မှ ဆိုတဲ့စကားလုံးကိုငါမင်းကိုပြောခဲ့ပါတယ် 'ဘယ်တော့မှ' ဆိုတာရဲ့အဓိပ္ပာယ်က 'တစ်ကယ်ဘယ်တော့မှ' ပဲ
ငါပြီးစလွယ်ပြောလိုက်တာမဟုတ်ဘူး"

"ရှောင်းကျန့် မသွားသေးဘူးလား ဘာဖြစ်လို့လဲ"

အခန်းထဲကနေထွက်လာတဲ့လော့မင်ကရိပေါ်ကိုမြင်တော့ကြောင်ကြည့်နေမိသေးတယ်။အရင်တစ်ခေါက်သူမြင်ခဲ့တုန်းကနဲ့မတူပဲအခုတော့သနားစရာကောင်းတဲ့ပုံစံဖြစ်နေလိုက်တာများ။

"ရှောင်းကျန့် အိမ်ထဲဝင်"

လော့မင်ကရှောင်းကျန့်ကိုသူ့ဘက်ကိုဆွဲဖို့လုပ်ပေမယ့် ဝမ်ရိပေါ်ရဲ့လက်တစ်ဖက်ကလွှတ်ပေးမယ့်ပုံမပေါ်တာကြောင့်လော့မင်ရှောင်းကျန့်ရှေ့ကပဲပိတ်ရပ်လိုက်တယ်။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Onde histórias criam vida. Descubra agora