☔ 5

626 58 5
                                    

ငါကသူ့ရဲ့အုပ်ထိန်းသူပဲ သူကငါ့လူ

"ဝမ်ရိပေါ်! အုပ်ထိန်းသူဘယ်မှာလဲ"

"လာလိမ့်မယ်"

ဘယ်သူ့ကိုမှဂရုမစိုက်မထီမဲ့မြင်ပုံစံနဲ့ရိပေါ်ကို ဟိုဘက်ကတခြားကောင်လေးတွေရဲ့မိဘတွေကအမြင်ကြည်ပုံမပေါ်ပါဘူး။

"အုပ်ထိန်းသူရောရှိရဲ့လားမသိပါဘူး! ဘယ်လိုကလေကချေတွေနဲ့မှငါ့သားလေးကလာတွေ့လာရတာလဲ"

"အဖွားကြီး ခင်ဗျားပါးစပ်ကိုကျုပ်လာပိတ်ပေးရမလား!"

နောက်မှလိုက်လာမယ်ဆိုပြီးတော်တော်နဲ့ပေါ်မလာသေးတဲ့ဒယ်ဒီဆိုတဲ့လူကြောင့်သူအပြစ်တင်ခံနေရပြီ ကျစ် လာရောလာပါဦးမလား။

"ဆုံးမမယ့်သူမရှိတော့ရိုင်းချင်တိုင်းရိုင်းနေတော့တာပဲ"

ဒုန်း!

"ဒယ်...ဒယ်ဒီ"

"မဒမ်...မဒမ့်ရဲ့စကားအတွက် ရိပေါ်ကိုတောင်းပန်ပေးပါ!"

"ဘာ!!"

"ဝမ်ရိပေါ်ရဲ့အုပ်ထိန်းသူထင်တယ် ခဏထိုင်ပါဦး..ဝမ်ရိပေါ်ကဒီကလေးတွေကိုအနိုင်ကျင့်တယ်ဆိုပြီးသူတို့ရဲ့မိဘတွေကပြောထားပါတယ် အဓိကကတော့ဒီကောင်လေးပေါ့ သူနဲ့ရိပေါ်နဲ့ကမတည့်ကြဘူးလို့ပြောပါတယ် အဲ့တော့ ရှောင်းလောင်ရှစ်အနေနဲ့ ဝမ်ရိပေါ်ကို အပြစ်ပေး..."

"နေပါဦး...အဲ့တော့...ကျောင်းအုပ်ကြီးပြောချင်တဲ့သဘောကကျွန်တော့်လူကအလွန်ပေါ့!"

"အဲ့ဒီသဘောတော့မဟုတ်ပေမယ့်...."

ကျွန်တော့်လူ...။
အဲ့ဒီစကားလုံးကရိပေါ်ရဲ့နားထဲမှာပဲ့တင်ထပ်လာခဲ့တယ်။ အင်း...မလိမ်ရရင်ဖြင့် နွေးထွေးသွားတာပဲ...။ပတ်ဝန်းကျင်ကိုတောင်မေ့ပြီးအဲ့ဒီလူကိုပဲတအံ့တဩငေးကြည့်နေမိတော့တဲ့အထိ။

ရှောင်းကျန့်ကရိပေါ်နားကိုတိုးတိုးကပ်မေးလိုက်တယ်။

"ရိပေါ်ဒီကိစ္စကမင်းစတာလား"

"........"

"ရိပေါ်ဘယ်သူစစကိစ္စမရှိဘူး အမှန်အတိုင်းပြော"

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Donde viven las historias. Descúbrelo ahora