☔ 17

551 61 5
                                    

"အင်း ငါသွားယူပေးမယ်"

"ကျေးဇူးပါ"

ခဏအကြာမှာရှောင်းကျန့်ရဲ့လက်ထဲကိုစောင်နွေးနွေးလေးတစ်ထည်ရောက်လာခဲ့တယ်။ဒါပေမယ့်ရှောင်းကျန့်ကတွန့်ဆုတ်နေသလိုဖြစ်ပြီးမှလော့မင်ရှိရာဘက်ကိုပြန်လှည့်လာတယ်။

"ငါအားနာပါတယ် ဒါပေမယ့် ရိပေါ်ကိုငါ့အစားသွားပေးပေးလို့ရမလား"

"ဘာလို့မင်းကိုယ်တိုင်မသွားတာလဲ"

"ငါ...သူနဲ့တွေ့လို့အဆင်မပြေသေးဘူး"

"အင်း ငါသွားလိုက်မယ်"

"ငါပေးတာလို့သူ့ကိုမပြောပါနဲ့ ဒီအတိုင်းမင်းကသနားလို့လာပေးတယ်ပဲပြောလိုက်ပါ ရမလား"

"ဟုတ်ပါပြီ ငါမင်းမျက်နှာကိုထောက်ပြီးသူ့ကိုသနားပေးလိုက်ပါ့မယ်"

လော့မင်စောင်ကိုပိုက်ရင်းအောက်ကိုဆင်းလာတော့ဆိုင်ကယ်ကိုမှီရင်းရပ်နေတဲ့ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးကသူ့ဆီကိုတစ်ချက်ပဲကြည့်ပြီးစိတ်မဝင်စားသလိုရှောင်းကျန့်ရှိတဲ့သူ့ရဲ့ကွန်ဒိုဆီကိုပဲပြန်ငေးကြည့်နေပြန်တယ်။

"ဟိုကောင်လေး! ရော့ စောင်"

လော့မင် စောင်ကိုသူ့ရှေ့တိုးပေးလိုက်တော့ဝမ်ရိပေါ်ကတစ်ချက်ကြည့်ရင်းရယ်တယ်။
ပြီးမှခပ်စူးစူးမျက်လုံးတွေနဲ့သူ့ကိုစိုက်ကြည့်ရင်းပြောတယ်။

"ရှောင်းကျန့်ဘယ်မှာလဲ!"

"သူအိပ်နေပြီ ဒါကလည်းငါကမင်းငါ့ကွန်ဒိုရှေ့မှာရှောင်းကျန့်ကိုစောင့်ရင်းခဲသေသွားရင်သူအမှုပတ်နေမှာစိုးလို့ငါလာပေးတာ သူ့ဆီကဖြစ်ဖို့မျှော်လင့်မနေနဲ့"

သူ့စကားကိုကြားတော့ဝမ်ရိပေါ်ကမထီမဲ့မြင်ရယ်သံနဲ့နောက်တစ်ကြိမ်ထပ်ရယ်တယ်။

"ရှောင်းကျန့်ကိုပြောလိုက်!
ငါလိုချင်တာ သူငါနဲ့အတူပြန်လိုက်ခဲ့ဖို့ပဲ"

"သူအိပ်နေပြီလေ မင်းလူစကားနားမလည်ဘူးလား"

"သူဘယ်မှာအိပ်နေတာလဲ"

"ငါ့အခန်းထဲမှာ"

"ငါသူ့ကိုချီပြီးခေါ်သွားမယ်"

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Kde žijí příběhy. Začni objevovat