☔ 23

545 62 4
                                    

ရှောင်းကျန့်မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့အခန်းကသူကောင်းကောင်းသိနေတဲ့အခန်းပါပဲ။ဟုတ်တယ် အဲ့တာရိပေါ်ရဲ့အခန်းပဲ။
ရိပေါ်ကတော့အခန်းထဲမှာရှိမနေခဲ့ဘူး။ရှောင်းကျန့်အတွေးများနေတုန်းမှာပဲတံခါးရှေ့ကခြေသံကြားလိုက်ရတယ်။ရှောင်းကျန့်ဘေးကိုစောင်းလိုက်ရင်းမျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။လောလောဆယ်ပဲဖြစ်ဖြစ်တော့ရိပေါ်ကိုမမြင်ချင်သေးဘူး။

"ရှောင်းကျန့်ထတော့!"

"......"

"ရှောင်းကျန့်..."

ရိပေါ်ကသူ့ပုခုံးကိုလက်နဲ့ခပ်ဖွဖွပုတ်ပြီးနှိုးနေတာကိုရှောင်းကျန့်တမင်လျစ်လျူရှုထားလိုက်တယ်။မျက်လုံးထပ်ဖွင့်လိုက်ရင်သူတို့ထပ်ရန်ဖြစ်ရလိမ့်ဦးမယ်။

"ခင်ဗျားနိုးနေပြီဆိုတာကျွန်တော်သိတယ်"

"....."

သူ့ကိုတမင်လျစ်လျူရှုနေတဲ့လူကြောင့်ရိပေါ်သက်ပြင်းချလိုက်တယ်။ရှောင်းကျန့်ကကလေးဆန်လွန်းတယ်လို့လည်းစိတ်ထဲကနေတိတ်တဆိတ်မှတ်ချက်ပေးလိုက်သေးတယ်။

"ခင်ဗျားဘာသာထမလား ကျွန်တော်ထအောင်လုပ်ရမလား"

"......"

"ကောင်းပြီ ခင်ဗျားမထနဲ့!"

ရိပေါ်ရှောင်းကျန့်ဘေးကလွတ်နေတဲ့အိပ်ယာပေါ်မှာဝင်လှဲလိုက်ရင်းရှောင်းကျန့်ရဲ့တစ်ကိုယ်လုံးကိုလှုပ်လို့မရအောင်သူ့ဘက်ကိုတမင်ချုပ်ဖက်ထားလိုက်တယ်။

"လွှတ်ဝမ်ရိပေါ်! ငါ့ကိုမထိနဲ့! ငါမကြိုက်ဘူး!"

"မကြိုက်ဘူး...
ခင်ဗျားမှာအဲ့ဒီစကားပြောပိုင်ခွင့်ရှိလို့လား
အခုဘယ်သူကသခင်ဖြစ်နေပြီလဲဆိုတာ ခင်ဗျားဦးနှောက်ကမစဉ်းစားတတ်ဘူးလား"

"ဒါတရားမဝင်ဘူးမင်းသိလား! ငါမနေချင်တာကိုအတင်းခေါ်ထားရင်အဲ့တာပြန်ပေးဆွဲတာပဲ!"

"အဲ့တာဆိုခင်ဗျားရဲတိုင်လိုက်လေ"

ရိပေါ်ကတမင်သူမလုပ်ရဲပါဘူးဆိုတဲ့လေသံနဲ့မေးနေတာမှန်းသိပေမယ့်အဲ့တာကတစ်ကယ်လည်းရှောင်းကျန့်မလုပ်ရဲတဲ့အရာပါပဲ။ရိပေါ်ကိုဒုက္ခရောက်အောင်လုပ်ဖို့ဆိုရင်သူအစောကြီးတည်းကစောင့်ရှောက်လာတာဘာလုပ်ဖို့လဲ။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Where stories live. Discover now