☔ 25

593 72 4
                                    

ဒီနေ့ရိပေါ်ကုမ္ပဏီကိုသွားရမယ့်ရက်ဖြစ်တာကြောင့် အစောကြီးထပြီးပြင်ဆင်နေတယ်။ရှောင်းကျန့်ကတော့အိပ်ယာပေါ်မှာဘေးတစ်စောင်းလှဲရင်းရိပေါ်ကိုတမင်ကျောပေးထားတယ်။

"ပေါင်ပေါင်း...ဒီကိုခဏလာ!"

သူ့နားကိုလျှောက်လာတဲ့ရှောင်းကျန့်ရဲ့လက်ထဲကိုရိပေါ် နက်ကတိုင်တစ်ခုထည့်ပေးလိုက်တယ်။

"ကျွန်တော့်ကိုနက်ကတိုင်ချည်ပေး"

ရှောင်းကျန့်ကြိုးစားကြည့်နေတာ15မိနစ်လောက်ရှိပြီ။ဒါပေမယ့်နက်ကတိုင်ကထုံးသာသွားတယ် ပုံစံပေါ်မလာဘူး။ရိပေါ်ကတော့သူလုပ်ပေးတာကိုရပ်စောင့်နေတုန်းပဲ။

"ပေါင်ပေါင်း ဒီနေ့တော့ပြီးမှာဟုတ်တယ်မလား"

ဘာမှပြန်မဖြေပေမယ့်ရှောင်းကျန့်ကကြိုးစားပန်းစားချည်နေတုန်းပဲ။

"တော်ပြီ တော်ပြီ ကိုယ့်ဘာသာလုပ်တော့မယ် ဒါလေးတစ်ခုတောင်ဖြစ်မြောက်အောင်မလုပ်နိုင်ဘူးလား"

"အင်း မလုပ်နိုင်ဘူး"

သူ့ကိုတစ်ဖက်ချက်ပဲကြည့်ပြီးဘောက်ဆတ်ဆတ်ပြန်ဖြေသွားတဲ့လူကိုရိပေါ်လက်မောင်းကနေဆွဲလှည့်လိုက်တယ်။

"ရှောင်းကျန့် ခင်ဗျားကလေအမြဲကျွန်တော့်ကိုဆိုဆန့်ကျင်ဖို့ပဲကြိုးစားနေတာ"

"ဟုတ်တယ် မင်းပြောသလိုပဲ"

"ခင်ဗျားအခုဝန်ခံပြီမလား"

"အင်း ဝန်ခံတယ်"

"လွန်ခဲ့တဲ့နှစ်တွေထဲကကျွန်တော့်ကိုထိန်းချုပ်ချင်တာပဲရှိခဲ့တာ ခင်ဗျားမှာပါးနဲ့ပေးထားတဲ့ကတိကိုမဖျက်ချင်တဲ့စိတ်ပဲရှိခဲ့တာ ကျွန်တော့်အတွက်ဘယ်တုန်းကမှမစစ်မှန်ခဲ့ဘူးမလား"

"ဟုတ်တယ်"

"ရှောင်းကျန့်!"

"ဟုတ်တယ် မင်းပြောတာမှန်တယ် ငါ့မှာမင်းအပေါ်ထားစရာမေတ္တာတရားနည်းနည်းလေးတောင်မရှိဘူး"

"ကျွန်တော်ဂရုမစိုက်ဘူး အခုခင်ဗျားကကျွန်တော့်လက်ထဲကိုရောက်နေပြီ ခင်ဗျားပြောတဲ့မေတ္တာတရားလည်းကျွန်တော်စိတ်မဝင်စားဘူး ကျွန်တော့်ခေါင်းထဲမှာရှိတာကခင်ဗျားကိုပြန်ထိန်းချုပ်ဖို့ပဲ"

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Tempat cerita menjadi hidup. Temukan sekarang