☔ 31

369 47 8
                                    

ရိပေါ်ရဲ့မွေးနေ့အတွက်ဒီနေ့အိမ်မှာနည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်နေကြတယ်။မနက်ဖြန်ဆိုရင်ရိပေါ်တောင်24နှစ်ပြည့်ပြီ။
လောလောဆယ်တော့ရှောင်းကျန့်ကပဲနေရာကြည့်စီစဉ်နေရတယ်။ရိပေါ်ရဲ့'ပေါင်ပေါင်း ခင်ဗျားကြည့်စီစဉ်လိုက်' ဆိုတဲ့စကားကြောင့်ပေါ့။

"ဖန်ခွက်တွေကဒီနားပဲထားလိုက်ပါ အဲ့တာကပိုကောင်းတယ်"

ဖန်ခွက်တွေကိုဆင့်သယ်လာတဲ့ကောင်မလေးကလမ်းချိုးကထွက်လာတဲ့တစ်ယောက်နဲ့တိုက်မိသွားတာကြောင့်အပေါ်ဆုံးကဖန်ခွက်တစ်ခွက်ကအောက်ကိုကျကွဲသွားတယ်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်မမမြင်လိုက်လို့ပါ"

"ရတယ်ရတယ် မကောက်နဲ့တော့ တံမြက်စည်းနဲ့ပဲလှည်းထုတ်သွားလိုက် မဟုတ်ရင်လက်ရှလိမ့်မယ် ဖန်ကွဲစတွေလည်းအကုန်ပြောင်မှာမဟုတ်ဘူး"

ရှောင်းကျန့်ရဲ့စကားကြောင့်ကောင်မလေးကတံမြက်စည်းယူဖို့အတွက်ပြာပြာသလဲပြေးထွက်သွားတယ်။

"ရိပေါ်..."

အိမ်ထဲကိုမရောက်ခင်တည်းကရိပေါ်ရဲ့နာမည်အော်ရင်းပြေးဝင်လာတဲ့အယ်လီယာကပတ်ဝန်းကျင်ကိုနည်းနည်းမှသတိမပြုမိဘူး။
လှေကားကနေဆင်းလာတဲ့ရိပေါ်ဆီကိုအယ်လီယာကခပ်မြန်မြန်လေးပြေးသွားတယ်။

"ရိပေါ် ဒီနေ့နင်ဘယ်မှမသွား အ!"

ရှောင်းကျန့် လက်နှစ်ဖက်နဲ့အယ်လီယာကိုတွန်းထုတ်လိုက်တယ်။အရှိန်ပြင်းပြင်းတွန်းလိုက်တာကြောင့်သူကိုယ်တိုင်တောင်ရှေ့ကိုနှစ်လှမ်းလောက်တိုးမိသွားတယ်။
အတွန်းခံလိုက်ရတဲ့အယ်လီယာကိုတော့ရိပေါ်ကလဲမသွားအောင်လက်မောင်းတစ်ဖက်ကိုဆွဲပြီးထိန်းထားလိုက်တယ်။

"အယ်လီယာ အဆင်ပြေလား"

ရိပေါ်ဆီကအမေးသံအဆုံးမှာအယ်လီယာဆီကဒေါသတွေကရှောင်းကျန့်ဆီကိုတန်းပုံကျလာတော့တယ်။

"ရှောင်းကျန့်! နင်ရူးနေလား! နင့်ကိုယ်နင်ဘာလုပ်နေတယ်ထင်နေတာလဲ!!"

"မင်းမှန်းကြည့်လေ"

လူတွေကြားထဲမှာသူ့ကိုအော်လားဟစ်လားလုပ်နေတော့ရှောင်းကျန့်ကသည်းခံမနေပဲမချေမငံပဲပြန်ပြောလိုက်တယ်။တစ်ခါတစ်လေကျရင်တော့အရာရာတိုင်းကိုသည်းခံလိုက်လို့မရဘူး။တစ်ချို့ကိစ္စတွေကသည်းခံလိုက်ရင်ပိုဆိုးသွားတာပဲရှိတာ။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Nơi câu chuyện tồn tại. Hãy khám phá bây giờ