☔ 4

694 59 3
                                    

ရန်ဖြစ်လာတဲ့ကျားသစ်ကောင်


တစ်ရက်ပြီးတစ်ရက်ကြာလေ သူတို့ကြားကအခြေအနေကပိုပြီးခက်ထန်လာလေပဲ။
ရိပေါ်ကတမင်ဆိုးပြတာကိုရှောင်းကျန့်ကလိုက်ထိန်းချုပ်ရင်းဒီလိုနဲ့သံသရာလည်နေတာပါပဲ။

"ရိပေါ်...ရန်ဖြစ်လာပြန်ပြီလား"

မျက်နှာတစ်ဝိုက်နဲ့နှုတ်ခမ်းထောင့်နားမှာပေါက်ပြဲနေတဲ့ဒဏ်ရာတွေကိုရှောင်းကျန့်ကအသေအချာကြည့်တယ်။

"ကျစ်! ထိစရာမလိုဘူး!"

ပုတ်ထုတ်မိလိုက်တဲ့လက်ကိုရိပေါ်တစ်ချက်တော့ကြည့်လိုက်သေးတယ် အင်း မနီသွားဘူး။

"ဝမ်ရိပေါ် မင်း ဒယ်ဒီ့စကားကိုဘယ်တော့မှနားထောင်မှာလဲ!"

"နားထောင်စရာဘာစောက်ကြောင်းမှမရှိဘူးလေ"

"ဝမ်ရိပေါ်...ဟင်း...."

"ဒယ်ဒီ ခင်ဗျားမနက်ဖြန်ကျောင်းအုပ်ရုံးခန်းထဲကိုလိုက်ခဲ့ရမယ်"

"အင်း...လိုက်ခဲ့မယ်"

"ဒီပြဿနာကြောင့် အရှက်ကွဲချင်လည်းကွဲလိမ့်မယ် ခင်ဗျားသိက္ခာတွေမြောင်းထဲလွှင့်ပစ်နိုင်တာသေချာရင်တော့ လိုက်ခဲ့ပေါ့"

"ရိပေါ်...အခန်းထဲမှာနားနှင့်...ခဏနေရင် ဒယ်ဒီလိုက်ခဲ့မယ်"

အေးစက်စက်မျက်နှာထားနဲ့ရှောင်းကျန့်ကရိပေါ်ရဲ့မျက်လုံးထဲမှာအမြင်မကြည်ချင်စရာ။ တစ်ကယ်တော့ရိပေါ်ကအထင်လွဲနေတာလည်းဖြစ်နိုင်ပါတယ်။ ရှောင်းကျန့်ရဲ့မျက်နှာထားကအေးစက်နေတာမဟုတ်ဘူး အေးချမ်းပြီးကြည်လင်တာမျိုး...။

ခဏနေတော့ရိပေါ်ရဲ့အခန်းထဲကိုရှောင်းကျန့်ကဆေးသေတ္တာယူပြီးရောက်ချလာတယ်။

"ရိပေါ်...ဆေးထည့်မယ်"

ဒီကိစ္စတွေဟာ အိမ်အကူတွေကိုလုပ်ခိုင်းလည်းရပါလျက်နဲ့ ရှောင်းကျန့်ကရိပေါ်ရဲ့ကိစ္စမှန်သမျှအစအဆုံးလိုက်လုပ်ပေးနေတော့တာပဲ။

"ဒယ်ဒီ! ကျစ်! ခင်ဗျားတံခါးမခေါက်ပဲဝင်မလာနဲ့လေ!"

ရိပေါ်ကရောက်ရောက်ချင်းစိတ်ညစ်ညူးနေတာတွေသက်သာသွားအောင်ရေချိုးပစ်လိုက်တာ။ သူအပြင်ကိုထွက်လာတော့ရှောင်းကျန့်ကဘယ်လိုရောက်နေမှန်းမသိ။ တော်သေးတာပေါ့ သူကရေချိုးပြီးရင်ဘတ်ထိစိထားတဲ့ဝတ်ရုံပဲဝတ်တတ်တဲ့သူမလို့။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Nơi câu chuyện tồn tại. Hãy khám phá bây giờ