☔ 24

552 68 9
                                    

အချိန်ကညနေတောင်စောင်းနေပြီ။ရှောင်းကျန့်ကဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲမှာအိပ်ပျော်နေရာကနေလူးလွန့်လာတယ်။ဝမ်ရိပေါ်ရဲ့လက်မောင်းနှစ်ဖက်ကြားကနေရှောင်းကျန့်ဖြည်းဖြည်းချင်းရုန်းထွက်လိုက်ရင်းအိပ်ယာပေါ်လှဲနေရာကနေထလိုက်တယ်။

"ပေါင်ပေါင်း ဘယ်လဲ!"

ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကမှိတ်ထားတုန်းပဲ။လက်ဖဝါးကြီးကြီးတစ်ဖက်ကစောစောကရှောင်းကျန့်လှဲနေတဲ့နေရာဘက်ကိုတစ်ချက်စမ်းလိုက်ပြီးမှမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လာတယ်။

"အဲ့တာဘယ်လဲ"

မေးဆတ်ပြီးမေးလာတဲ့ဝမ်ရိပေါ်ကိုကြည့်နေရာကနေရှောင်းကျန့်အကြည့်လွှဲလိုက်တယ်။

"ဒီတိုင်းမအိပ်ချင်တော့လို့"

သူ့ကိုလျစ်လျူရှူချင်နေတဲ့ရှောင်းကျန့်ကိုရိပေါ်ကတမင်အနှောက်အယှက်ပေးချင်တာ။
ရိပေါ်လှဲနေရာကနေမထပဲထိုင်နေတဲ့ရှောင်းကျန့်ရဲ့ခါးလေးကိုလက်ဖဝါးနှစ်ဖက်ကနေတစ်ဆင့်သူ့ဘက်ကိုဆွဲဖက်လိုက်တယ်။

"မသွားနဲ့ဦး"

"ငါ မင်းရဲ့ကလေးမဟုတ်ဘူးဝမ်ရိပေါ်"

"ခင်ဗျားကကျွန်တော့်အုပ်ချုပ်မှုအောက်မှာရှိနေပြီလေ အခုခင်ဗျားကကျွန်တော့်ကလေးလေးပဲပေါင်ပေါင်း"

ရိပေါ်ကိုထပ်ပြီးကွန်ပလိန်းမတက်လာတော့တဲ့ရှောင်းကျန့်ကသူနဲ့ရန်ဖြစ်ဖို့ကိုလက်လျော့ထားပုံရတယ်။အဲ့တာလည်းကောင်းပါတယ်။ထိန်းချုပ်ရပိုလွယ်တာပေါ့။မဟုတ်ရင်ရိပေါ်ကလိမ္မာဖို့သင်ပေးနေရဦးမှာ။
ရိပေါ် ရှောင်းကျန့်ရဲ့ခါးဆီကသူ့ရဲ့လက်တွေကိုဖြုတ်လိုက်ရင်းဘေးကခေါင်းအုံးပေါ်လှဲပြီးမျက်နှာပေါ်ကိုလက်ဖဝါးတစ်ဖက်နဲ့အုပ်ထားရင်းမျက်လုံးတွေမှိတ်ထားလိုက်တယ်။ရိပေါ်ရဲ့ပုံစံကပင်ပန်းလွန်းနေတဲ့လူတစ်ယောက်နဲ့တောင်ဆင်တူတယ်။

နော်ဝေးမှာအချိန်ကုန်ခဲ့တဲ့နှစ်နှစ်ကရိပေါ်အတွက်တော့အတော်လေးခက်ခဲခဲ့တယ်။မပြည့်စုံတာမရှိပေမယ့်လူတစ်ယောက်မရှိလို့အထီးကျန်နေတယ်လို့တောင်ခံစားခဲ့ရတယ်။ရိပေါ်တစ်ချက်အသက်မပါသလိုရယ်လိုက်မိတယ်။

ᴊᴜꜱᴛ ᴄᴀʟʟ ᴍᴇ " 𝙳𝚊𝚍𝚍𝚢 " [ On Going ]Tempat cerita menjadi hidup. Temukan sekarang